D.S ဂရုပ်ရဲ့ အခြေအနေက တော်"ကို မကောင်းဘူးဆိုတဲ့မဟုတ်မဟပ်သတင်းတွေထွက်လို့နေသည်။လူတွေကလဲ ဒီလိုကောလဟာလတွေကြားပြီး နဂိုထဲကပြစ်မှတ်ထားခံနေရတဲ့ အင်အားကြီးလုပ်ငန်းစုကို မီဒီယာသမားတွေက ဝိုင်းအုံလာတော့သည် ..
ကောလဟာလတစ်ချို့ကြောင့် အရင်းအမြစ်ကို CEO နဲ့ အကျိုးအကြောင်းမတိုင်ပင်အား၊ ရုန်းထွက်ပြီး
ရှောင်ထွက်သွားတဲ့သူတွေကများလာတာမို့ ဒီပြဿနာက ကောလဟာလကနေ အမှန်လိုဖြစ်လာတယ်။
ရှယ်ယာဈေးထိုးကျသွားပြီဆိုတဲ့ သတင်းအတုကနေ အခုတော့ များစွာသောရှယ်ယာဝင်တွေရဲ့တွန့်ဆုတ်မှုကြောင့် တကယ်ကိုကျဆင်းနေပြီဖြစ်သည် ....
ရှယ်ယာ -မိုင်းနပ်စ် ပြနေတဲ့အခြေအနေကိုကြည့်ပြီး ခေါင်းမီးတောက်ရအောင် တွေးတောနေရတဲ့ စီအီးအိုဆောကို ကြည့်နေရတဲ့ဂျီဟွန်းလဲ သနားတယ် ..
မမလေးက ပါးရည်နပ်ရည်ရှိတယ်၊ ထက်မြက်တယ်၊ သဘောကောင်းတယ် ဒါတွေကြောင့်ပဲ လောဘသား လူတွေကတော့ ကျေးဇူးတရားတွေထပ်၊
ခေါင်းရှောင်ဖို့ပဲ တတ်ကြတယ် ..
အခုဆို ရုံးအတွင်းပိုင်းကလူတွေကအစ ကုမ္ပဏီရဲ့ရှယ်ယာဈေးကြောင့် ဟိုရှောင်ချင်ဒီရှောင်ချင်၊နဲ့ နှုတ်ထွက်ဖို့ပြင်တဲ့သူတောင်ရှိတယ် ..
သူကတော့ နှုတ်ထွက်ဖို့မပြောနဲ့ သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နူနာက ကူညီပြောင်းလဲပေးခဲ့တာမို့။
နောက်ဆုံး ဒေဝါလီခံများခံရရင်တောင် ကုတ်ဖတ်ထားပြီးနေအုံးမှာပင် ..
"ဥက္ကဌကြီး ရောက်နေတယ်"
ဆိုတဲ့ အသံနဲ့အတူကုမ္ပဏီတစ်ခုလုံး ပိုရုန်းယင်းဆန်ခတ်တွေဖြစ်ကုန်တယ်။
အားလုံးမျက်နှာပိုးတွေ သတ်ထားကြကာ ..အလုပ်မထွက်ခင်ပါးရိုက်ခံပြီးအလုပ်မပြုတ် စေဖို့ တတ်နိုင်သမျှ အားတက်သရော ထွက်ကြိုဆိုကြတော့သည်..
ဆောရဲ့droomလေးထဲတွင်ဖြစ်သည်၊ မောင်လေ ..
ပင်ပန်းတယ်ဟု ဆိုကာ လာလှဲနေတာနာရီဝက်လောက်ရှိပြီ
YOU ARE READING
Pretend to be notorious| JK
Fiksi PenggemarPromote dialogue - "ceo ဆောအာ dating ထပ်မလုပ်ဖို့ ကျတော်တို့ အားနာနာနဲ့သတိပေးပါရစေနော် အကိုလေးသိရင်လေ- " ငါသိရင် ဘာဖြစ်လဲ ..ဘယ်မှာလဲ မင်းတို့မမလေး " စီအီးအိုမလေးနဲ့ ရည်းစားဟောင်းဖြစ်တဲ့ မော်ဒယ်မင်းသားတို့ပြန်ဆုံကြသောအခါ📍 Jeon Jungkook x reader