ဇေ အိမ်အပြန်လမ်းတစ်လျှောက်လုံးတွင် ဒေါသကြောင့်၍လား ဘာ၍လားမသိဝေခွဲမရဖြစ်နေပြီး ရင်ဘက်ကြီးမှာလည်း လေးလံပြီးတုန်လှုပ်နေခဲ့သည်။ ထိုရင်ဘက်ရဲ့ ပြင်းထန်စွာလှုပ်ခက်မှုကြောင့် အသိတွေစိတ်ကလည်း မွှန်ထုံလာသည်။ လျှောက်နေသောခြေလမ်းများမှာလည်း မြေကြီးနဲ့ထိပင် ထိသလားဆိုတာတောင် သူ့ကိုယ်သူပင်မသိတော့ပေ။ သူသိတာတစ်ခုက အိမ်ကိုအမြန်ပြန်ရောက်ဖို့သာပင်။
အိမ်ရှေ့ရောက်တော့ တုန့်ကနဲရပ်လိုက်ပြီး လှိုက်မောနေတဲ့ရင်ဘက်ကို ငြိမ်အောင်အရင်လုပ်လိုက်သည်။ ထို့နောက် အိမ်ထဲကိုဖြည်းဖြည်းချင်းဝင်လာခဲ့သည်။
သူ အိမ်ဝင်းထဲကိုရောက်သည်နှင့် အိမ်ရှေ့တန်းလျားမှာ ကျောပေးကာထိုင်နေသည့် ကျောပြင်သေးသေးလေးကို မြင်လိုက်ရတဲ့ခဏ ငေးခနဲဖြစ်သွားသည်။ လွမ်းနေခဲ့ရသည်မလား။ ရှေ့ကိုခြေလှမ်းတွေ မဆက်နိုင်အောင်ပင်ဖြစ်မိသည်။
သို့ပေမဲ့ အသိစိတ်ပြန်ကပ်လာချိန် ဒေါသတို့လည်း ထိုအသိစိတ်နဲ့အတူကပ်ပါလာတော့သည်။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ဆုတ်လိုက်ပြီး ထိုကျောပြင်လေးရှိရာကို သွားလိုက်သည်။ ထိုစဉ် သူရောက်လာသည်ကိုမြင်သွားသော မိခင်မှ
"ဟော သားပြန်လာပြီပဲ.... သားရေ ဒီမှာ ဒီကသမီးလေးက မင်းရဲ့ဧည့်သည်ဆို? မင်းနဲ့တွေ့ချင်လို့တဲ့"
မိခင်ဖြစ်သူက သူ့ကိုခေါ်လိုက်ချိန် ထိုကျောပြင်လေးက ဇတ်ခနဲဖြစ်သွားတာကို သူမြင်ဖြစ်အောင်မြင်လိုက်သည်။ သူခြေလှမ်းတွေကိုရွေ့လျားလိုက်ပေမဲ့ သူ့ကိုကျောပေးထားရာနေ ထပြီးလှည့်လာတဲ့ကောင်မလေးကြောင့် မှင်သက်သွားရသည်။
သူတစ်ချိန်က မြတ်မြတ်နိုးနိုးချစ်ခဲ့ရပါသော မျက်နှာလှလှလေးက အရမ်းကိုမှချောင်ကျသွားသည်။ ပြီးတော့ သူရင်ခွင်ထဲတွင် ယုယစွာထွေးပိုက်ခဲ့ဖူးသည့် ကိုယ်ခန္ဓာလေးကလည်း အတော်ကိုပိန်ကျသွားသည်။ သို့ပေမဲ့ ထိုအရာတွေက သူမရဲ့အလှကို မည်သို့မျှ မဖျက်စီးနိုင်ပေ။ သူမက အရင်ကအတိုင်း လှမြဲလှဆဲပါပဲ။
သို့ပေမဲ့ ဘာကြောင့် ဒီလောက်ထိဖြစ်သွားရတာလဲဆိုတာကို သူသိချင်သွားသလို စိုးလည်းစိုးရိမ်လာရသည်။ အရင်ကလို ရင်ခွင်ထဲထည့်ဖက်ပြီး ယုယပေးချင်နေပါသော်လည်း နာကျည်းစရာတွေက သူမကိုမြင်နေရရင် အတူတွဲမြင်လာရတာကြောင့် စိတ်ကိုထိန်းချုပ်ကာ ခပ်တည်တည်ပဲနေ,နေလိုက်သည်။
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
Romanceဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)