"ပြွတ်စ်! ပြွတ်!...အွန်းမ်! ကိုကြီး ခဏ- အာ့!"
နှုတ်ခမ်းအား သည်းကြီးမည်းကြီးနမ်းနေတဲ့သူ့အား တွန်းဖယ်ဖို့ ကြိုးစားသော်လည်းမရ။ အနားမပေးပဲ တရက်ဆက်နမ်းနေတာကြောင့် စံမြန်းမှာ အသက်ရှူမဝဖြစ်လာရသည်။
သူ့ပုံစံက ခုနှစ်ရက်ခုနှစ်လီ အစာရေစာငတ်နေသလိုပင်။ စံမြန်းရဲ့နှုတ်ခမ်းတွေကို အငမ်းမရ စားလို့နေသည်။
နမ်းနေရင်း လက်တွေက ရင်ဘက်ပေါ် တစ်ဖြေးဖြေးရောက်လာပြီး ဆုတ်နယ်လာသည်။
"အွန့်!"
ဒါဟာ စံမြန်းရဲ့main pointမှန်း သူကောင်းကောင်းကြီး သိသည်။ ထို့ကြောင့် သူမရဲ့ရင်အစုံကိုကျွမ်းကျင်စွာ လှုပ်ရှားပေးနေတော့သည်။
ထို့နောက် နှုတ်ခမ်းကိုလွှတ်ပေးလာပြီး မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ရီဝေဝေနဲ့ကြည့်လာသည်။
"အရမ်းလွမ်းတယ်စံလေးရယ်.... ကိုယ်အရမ်းလွမ်းနေခဲ့ရတာ သိလား.... အရင်ကကိုယ့်ကိုဘာ့ကြောင့်ပဲ ရက်စက်ခဲ့ရက်စက်ခဲ့ အခု ကိုယ်ခွင့်လွှတ်ပေးတယ်... မဟုတ်ဘူး မင်းကို ကိုယ့်စိတ်ထဲကနေ ခွင့်လွှတ်ပေးခဲ့တာကြာပြီ......ပြန်လာပေးလို့လည်း ကျေးဇူးအရမ်းတင်တယ်"
"မဟုတ်ဘူး ကိုကြီး စံမြန်းကလေ-"
"ဒါပေမဲ့ နောက်တစ်ကြိမ်တော့ ကိုယ့်ကိုထပ်ပြီးရက်စက်မသွားပါနဲ့နော်.... အဲ့ကြရင် ကိုယ်ရူးမှာသေချာတယ်.... ပြီးတော့မင်းကိုလည်းအရမ်းချစ်တယ်"
"စံမြန်းရှင်းပြတာကို နားထောင်ပါဦး"
"နောက်မှ နားထောင်မယ်ကွာ နော်... အခုမင်းကိုချစ်ရပါရစေဦး.. ကိုယ်မင်းကိုလွမ်းနေခဲ့တာ"
စံမြန်းကိုအပြောမခံပဲ နောက်တစ်ကြိမ် နှုတ်ခမ်းတို့ထံ ကျူးကျော်လာပြန်သည်။ စံမြန်းလည်း ထိုနည်းတူ သူ့ရဲ့ဒီအထိအတွေ့ တွေကိုလွမ်းနေခဲ့ရ၍ ချက်ချင်းပင်တုန့်ပြန်လိုက်သည်။
ဒီလိုနဲ့အနမ်းချိုချိုတို့က ကြာရှည်သွားရပြန်သည်။ ထို့နောက်တော့ အောက်သို့ဆင်းကာ လည်တိုင်ကိုနမ်းရှိုက်လာသည်။ စံမြန်းလည်း သူ့ရဲ့ဆံပင်အထူကြီးတွေကို ဆွဲစုတ်ကိုင်လိုက်ကာ ညာသံများပေးနေမိတော့သည်။
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
Romansဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)