မနက်ကိုရောက်တော့ ဇေတစ်ယောက်ရေမိုးချိုး မနက်စာစားပြီး ယာထဲကိုသွားရန်ပြင်ဆင်လိုက်သည်။
အမေထည့်ပေးလိုက်သော ထမင်းတွေဟင်းတွေမှာ အရင်ကထက်များတာကြောင့် သူ့မှာသယ်ဖို့အရေး တာဝန်တစ်ခုကတိုးလာလေသည်။ဒါတွေသယ်ရတဲ့အကြောင်းအရင်းက ဟိုကောင်မလေးလည်း သူနဲ့အတူလိုက်မည်ဖြစ်တာကြောင့်ပင်ဖြစ်သည်။
ဇေသူမအကြောင်းတွေးမိရင်း သတိရသွားတော့ မျက်ခုံးတွန့်လိုက်မိသည်။
လက်ကအင်္ကျီစကိုခေါက်တင်ရင်း အပေါ်ထပ်ကိုလှမ်းကြည့်လိုက်သည်။"ဒီကောင်မလေး မနိုးသေးတာလား? မနေ့ကစောစောထဖို့ပြောထားတာကို.... အခုကြည့်အရိပ်အယောင်တောင်မမြင်ရသေးဘူး.... ဒါလားငါ့ကိုသက်သေပြချင်တာ.... ဒီအကျင့်တွေကဘယ်တော့မှပြောက်မှာမဟုတ်ဘူး-"
ပါးစပ်ကနေပွစိပွစိရေရွတ်နေရင်းမှ အခန်းထဲကထွက်ပြီး ဆင်းလာတဲ့မိန်းကလေးကြောင့် ရှေ့ဆက်မပြောနိုင်အောင်ပင် ဖြစ်သွားရသည်။
မထုံးတတ်ထုံးတတ်နဲ့ ဆံပင်တွေကိုထုံးရင်းအောက်ရောက်လာတော့ သူ့ကိုစပ်ဖြီးဖြီးနဲ့ရီပြလာသည်။
သူမှာတော့ သူမပုံစံကိုကြည့်ရင်း အံ့ဩနေသလို ရယ်ချင်စိတ်ကိုလည်းမနည်းထိန်းထားရသည်။အမေ့အင်္ကျီတွေကို ယူဝတ်ထားသည်ထင်ပါ့ အပေါ်ကရင်ဖုံးက သူမနဲ့ဖားဖားကြီးဖြစ်နေပြီး လုံချည်ကိုလည်းမဝတ်တတ်,ဝတ်တတ်နဲ့ ဝတ်ထားသေးသည်။
သို့ပေမဲ့ စိတ်ပျက်စရာမကောင်းပဲ ချစ်စရာကောင်းနေ၍ အသည်းတွေယားလာမိသည်။
ခန္ဓာကိုယ်လှတာကြောင့် ဘာဝတ်ဝတ်ကြည့်ကောင်းနေတာတော့ သူမငြင်းနိုင်ပါ။ သူနဲ့နေစဉ်အခါကလည်း သူမကစိတ်ထင်ရင် ဘောင်းဘီအပွကြီးတွေ၊ရှပ်အင်္ကျီအပွတွေဝတ်တတ်သည်။
ထိုအခါကြလည်း ယောက်ျားလေးလိုလိုဘာလိုလိုနဲ့ကြည့်ကောင်းနေပြန်သည်။
သူ့အင်္ကျီတစ်ထည်တည်းကို ဝတ်ထားတဲ့အခါကြရင်လည်း မျက်နှာမလွှဲနိုင်အောင်ပင်ဖြစ်ရသည်။
သို့ပေမဲ့ များသောအားဖြင့် သူမကအတိုအပျက်လေးတွေသာ ဝတ်လေ့ရှိသည်။ သူမဘာပဲဝတ်ဝတ် ဘာပဲလုပ်လုပ် ကျေနပ်နေခဲ့သည်။ ဒါတွေကအရမ်းချစ်ခဲ့လို့ မဟုတ်လား။
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
Romanceဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)