"ဟင်းးး.... ဟင်းးး"
"အေးကြိုင်.... အေးကြိုင် သတိထားစမ်း! အဲ့ဒါကြောင့် ငါပြောတာ အပြောအဆိုဆင်ခြင်ပါဆိုတာကို... နင်အခုတစ်လော အာတွေတအားကြမ်းနေတာ ငါပြောတာလည်းနားမထောင်ဘူး အခုတော့ဖြစ်ပြီ"
အဖျားတွေတက်ကာ ငြီးနေသည့်ညီမဖြစ်သူကို ကြည့်ကာပြောလိုက်ရင်း သက်ပြင်းချမိသည်။ အရင်ကအဲ့လောက်မဆိုးပါပဲ သမီးလေးစံမြန်းမေရောက်လာမှ တစ်နေ့တစ်နေ့ဆဲရေးတိုင်းထွာနေတာတွေက မကြားဝံ့မနာသာတွေပါ။
သူမပြောတော့လည်း မရ။ ညီမချင်း ရန်ဖြစ်၊စကားများပေါင်းလည်း များလှသည်။ သမီးလေးစံမြန်းအတွက် မျက်နှာပူရတာတစ်မျိုး၊ညီမဖြစ်သူကတစ်မျိုးဆိုတော့ သူမတော်တော်လေး စိတ်ညစ်ရသည်။ ညီမဖြစ်သူက ဘာ့ကြောင့် ဒီမိန်းကလေးကိုအမြင်မကြည်ဖြစ်နေရတာလဲ သူမတွေးလို့မရပေ။
မေးပြန်တော့လည်း 'နင်ဘာသိလို့လဲအစ်မ မြို့သူတွေက လူလည်မတွေ... ငါ့တူကို မိတ်ဆွေဆိုတဲ့ခေါင်းစဉ်အောက်ကနေ အပိုင်ချိုင်ပြီး ယောကျော်းဆိုတဲ့ခေါင်းစဉ်အောက်ကို သွင်းလိုက်ရင် ဘယ်လိုလုပ်မလဲ'တဲ့
ဘယ်လိုမှပြောမရ၊ နားချမရတဲ့အဆုံးလက်လျှော့ကာ ပြောလို့ရသည့် ကိုယ့်စကားနားဆို မြေဝယ်မကျနားထောင်သည့် ကလေးမလေးကိုပဲ ရှောင်ခိုင်းရတော့တာပေါ့။ သူမလည်း သမီးလေးကို အစွမ်းကုန်ကာကွယ်ပေးပါသည်။
ရွာထဲသွားရင်လည်း သူမနှင့်အတူခေါ်သွားသလို သားနှင့်လည်း ယာထဲကိုလိုက်စေသည်။ ဒါမှ သူ့ညီမနဲ့ထိပ်တိုက်မတွေ့မှာမလား။မဟုတ်ရင် အမြဲတမ်းရန်လိုနေတဲ့ ညီမကြောင့် တော်တော်လေးစိတ်ဆင်းရဲရသည်။
"မေမြိုင် ဒီမှာရေနဲ့တပတ်"
သမီးလေးအသံကြားတော့ သူမအတွေးတို့ အဆက်ပြတ်သွားသည်။
"အော် အေးအေးသမီး ပေး အမေ့ကို"
"ဟို သမီးဘာတွေလုပ်ပေးရဦးမလဲမေမြိုင်?"
"ရပါပြီသမီးရယ်..... သမီးလည်းတစ်မနက်ခင်းလုံး မီးဖိုချောင်နဲ့အလုပ်ရှုပ်နေတာ မေမြိုင်အားနာလှပါပြီ"
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
Romansaဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)