"သားရေ! ဇေ? မထသေးဘူးလား?... ထတော့လေကွယ် အချိန်ကကပ်နေပြီ"
ဇေတစ်ယောက် အခန်းပြင်မှမိခင်၏အသံကြောင့် လေးလံနေတဲ့ကိုယ်လုံးကြီးကိုသယ်ကာထလိုက်ရတော့သည်။ သေရည်သောက်မိတဲ့အကျိုးကျေးဇူးကြောင့် ခေါင်းတစ်ခုလုံးလည်းထိုးကိုက်နေတော့သည်။ နားထင်ကိုလက်နဲ့ဖိထားလိုက်ပြီး မိခင်ကိုအသံပြန်ပေးလိုက်သည်။
"သား ထပြီအမေ"
"အေးအေး... လန်းသွားအောင်ရေလေးချိုးလိုက် အောက်မှအမေမင်းကြိုက်တဲ့ ထင်းမင်းဆီဆမ်းကို ပဲပြုတ်လေးနဲ့လုပ်ထားတယ်သား"
"ဟုတ်ကဲ့အမေ သားရေချိုးပြီးဆင်းလာခဲ့မယ်"
"အေးအေး အမေသွားနှင့်ပြီ အဆင်သင့်ဖြစ်အောင်လည်းလုပ်ထားဦး... သမီးညိုလေးတောင် မိတ်ကမ်းလိမ်းနေပြီတဲ့"
ဇေ့ရင်ထဲမှ ဒိတ်ခနဲဖြစ်သွားရသည်။ မိခင်ပြောလိုက်မှ ဒီနေ့ကဘာနေ့ဆိုတာ သူမှတ်မိသွားပြီး စိတ်တွေလေးလံလာရသည်။ ခြေဖျားလက်ဖျားတွေလည်းအေးစက်လာတာအမှန်ပါ။ သူတစ်ကယ်ပဲမင်္ဂလာဆောင်ရတော့မှာလား။ ရင်ဘက်ထဲတွင်ဘာ့ကြောင့် အရမ်းမွန်းကြပ်နေရတာလဲ။
ဒါသူရွေးချယ်ခဲ့တဲ့လမ်းမဟုတ်လား။ ဒါဖြင့်သူဘာတွေကိုအလိုမကျဖြစ်နေရတာလဲ။ ပြီးတော့ ဒီတစ်လျှောက်လုံး သူ့ကိုယ်သူနှစ်သိမ့်နေခဲ့တုန်းက အကောင်းပါ။ဒီနေ့ရောက်မှ သူ့ ရင်ဘက်ထဲ အရမ်းထိုးအောင့်နေသည်ကိုခံစားနေရသည်။
တစ်ကယ်တန်းမင်္ဂလာဆောင်ဆိုတဲ့နေ့ ဆိုတာကြီးရောက်ကိုလာတော့ သူကြောက်နေမိသည်။ ဒါပေမဲ့ သူ့ဆုံးဖြတ်ချက်က မမှားနိုင်ဘူးမလား။ လက်ထပ်ရမယ့်သူက တစ်ခြားသူမဟုတ်ပဲ သူ့ရဲ့သူငယ်ချင်းပဲလေ။ သို့သော်... သို့သော် သူ့ရဲ့မသိစိတ်က လက်မခံနိုင်ဖြစ်နေရသည်မှာ ဘာ့ကြောင့်လည်း။ အခုချိန်မှနောက်ပြန်ဆုတ်ချင်လို့လဲမရတော့ပေ။
သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမို့ သူလျှောက်ရတော့မည်ဖြစ်သည်။ ဒါပေမဲ့ သူတစ်ကယ်ပဲ တစ်ယောက်သောသူလေးနှင့် ဝေးရတော့မည်လား။ တစ်ကယ်ပဲ သူတို့တွေ ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့မည်လား။ တစ်ကယ်ပဲဝေးသွားပြီဆိုတာကို တွေးရင်း ရင်ထဲမှာတစ်ဆစ်ဆစ်နဲ့နာကျင်လာရပြန်သည်။
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
عاطفيةဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)