"ဟင်းတွေကများလှချည်လားအမေ"
ဇေ သူ့ရှေ့က စားပွဲပေါ်ရှိ ဟင်းခွက်တွေကိုကြည့်ပြီး ပြောလိုက်သည်။
"အဟင်း ဟုတ်ပါ့သားရေ"
အမေကရီရီမောမောနဲ့ပြောနေတော့ သူအလိုမကျဖြစ်သွားရသည်။
"အမေကလည်းဗျာ ကိုယ့်ကိုယ်ကိုပင်ပန်းအောင်လို့ သားကတစ်ခွက်နှစ်ခွက်လောက်ဆိုရင် ဖြစ်ပါတယ်"
သူကအလိုမကျသလိုပြောလိုက်တော့ မိခင်ဖြစ်သူကပြုံးနေလေသည်။ သူ,မသိမသာပဲ အခန်းထဲကိုဝေ့ကာ တစ်စုံတစ်ယောက်အားရှာနေမိသည်။
"ဒါတွေကအမေတစ်ယောက်တည်းချက်ထားတာမဟုတ်ဘူးသားရဲ့ သမီးလေးရော ကူချက်ထားတာ"
"အဟွတ် အဟွတ်! ဗျာ?!"
မိခင်စကားကြောင့် သောက်နေသော ဟင်းချိုရည်များပင် သီးသွားရသည်။
အိမ်မှာ သမီးလေးလို့ခေါ်ခံရတဲ့သူက ဟိုတစ်ယောက်ကလွဲရင် ဘယ်သူမှမရှိ။
ဒါပေမဲ့ သူသိခဲ့တဲ့ စံမြန်းမေဆိုတဲ့ မိန်းကလေးက အိမ်မှုကိစ္စနဲ့ပတ်သတ်ရင် ဘာမှမလုပ်တတ်မကိုင်တတ်သလို လုပ်ရမှာလည်းအပျင်းကြီးသူဖြစ်သည်။ဒါ့ကြောင့် သူနဲ့ချစ်သူတွေဖြစ်ပြီး တိုက်ခန်းမှာအတူတူနေပါပြီဆိုကတည်း သူကပဲသူမကို ဒိုင်းခံချက်ကျွေးလာခဲ့ရတာမလား။ တစ်ခါတစ်လေဆို သူမပစ်စလက်ခက်ထားထားတဲ့အဝတ်တွေကိုတောင် သူလျှော်ပေးခဲ့တာဖြစ်သည်။
လူတွေကတော့ သူမနဲ့ပတ်သတ်ပြီး သူ့ရဲ့အနစ်နာခံမှုတွေကိုကြည့်ကာ မခံမရပ်နိုင်ဖြစ်ချင်ဖြစ်ကြလိမ့်မည်။ ဒါပေမဲ့ ကိုယ်ကချစ်နေရတဲ့သူမို့ သူမနဲ့ပတ်သတ်ရင် ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးနေရရင်ကို သူကျေနပ်နေခဲ့တာဖြစ်သည်။ သူမရဲ့ထိုအကျင့်တွေနဲ့ပတ်သတ်ပြီး အပြစ်လည်းမမြင်ခဲ့သလို ဗွေလည်းမယူရက်ခဲ့ပေ။
သို့သော် ဒီလောက်ထိအပျင်းကြီးပြီး အိမ်မှုကိစ္စဆိုရင် ဘာမှမသိ၊စိတ်မဝင်စားတဲ့ သူမက မိခင်ဖြစ်သူကို ဟင်းတွေကူချက်ထားတယ်ဆိုတော့ သူ့အတွက်အလွန်အံ့ဩစရာဖြစ်နေသည်။
"ဘာဖြစ်လို့လဲသားရဲ့...အမေလည်းသမီးကိုအားနာလို့တားပါသေးတယ်.... ဒါပေမဲ့ အတင်းကူလုပ်ပေးချင်တယ်ဆိုလို့ အမေကခွင့်ပြုလိုက်တာ..... သမီးလေးကအချက်အပြုတ်အရမ်းတော်တာပဲ.....သူ့လက်ရာလေးတွေက အရမ်းလည်းစားကောင်းတာနော် သားမယုံရင်စားကြည့်"
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
Romansaဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)