"ဟူး!"
ဇေ ခြေကုန်လက်ပန်းကျတာကြောင့် မွှေ့ယာပေါ်က ပစ်ဆလက်ခက် လှဲချလိုက်သည်။ ရွာမှာ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပပြီးတဲ့နောက် မြို့မှာလည်း တစ်ခါမင်္ဂလာပွဲလုပ်တာကြောင့် လူက မလှုပ်နိုင်မကိုင်နိုင် ပင်ပန်းနေရတော့သည်။
ရွာမှာ အဖြစ်အပျက်တွေအားလုံးပြီးတဲ့နောက် အားလုံးက အံ့ဩပြီး မြမြညိုရဲ့လုပ်ရက်ကြောင့် ယူကျိုးမရဖြစ်ခဲ့ကြသည်။
သူကြီးမှာလည်း သူ့သမီးကြောင့် မျက်နှာပင်မဖော်ရဲရအောင်ဖြစ်သွားရကာ သူကြီးရာထူးမှ နှုတ်ထွက်မယ်တစ်ဂဲဂဲလုပ်နေတာကြောင့် အားလုံးမှာ မနည်းတားခဲ့ရသည်။ သူကြီးက မြမြညိုရဲ့အဖေဆိုပေမဲ့ အကျင့်စရိုက်က လုံးဝကွာခြားလှသည်။
စံမြန်းကိုလည်း ထူးထောက်မတတ်တောင်းပန်လာတာကြောင့် သူတို့မှာ မြမြညိုရဲ့မိဘတွေကိုကြည့်ပြီး သနားမိသည်။ သားသမီးမကောင်းတော့ မိဘခေါင်းပေါ့။
ရွာမှာ အရင်က စံမြန်းကိုအမြင်မကြည်တဲ့လူတွေအပါအဝင် အကုန်လုံးက စံမြန်းကိုလက်ခံလာကြသည်။ဒီကိစ္စတွေအကုန်လုံးကို သိပြီးတဲ့နောက်မှာလည်း သူမကိုသနားလာကြသည်။
ကိုယ့်ရွာသူတစ်ယောက်ရဲ့ လုပ်ရက်ကြောင့် သူတစ်ပါးဒုက္ခရောက်ခဲ့ရတော့ သူတို့လည်းအပစ်မကင်းသလို ခံစားကြရသည်။ သို့ပေမဲ့ စံမြန်းရဲ့ပင်ကိုယ်ဓာတ်ခံလေးကြောင့် အားလုံးနဲ့ပြန်အဆင်ပြေလာကာ ထိုအချိန်မှစကာ တစ်ရွာလုံး အချစ်ခံလေးဖြစ်လာတော့သည်။ရွာမှာလုပ်တဲ့ မင်္ဂလာပွဲကိုလည်း ခြိမ့်ခြိမ့်သဲလာကြသလို ပျော်ပျော်ပါးပါး လုပ်ကိုင်ပေးခဲ့ကြသည်။ အခုလည်း မြို့ကိုရောက်နေတော့ အားလုံးကလွှမ်းပြီး ကျန်နေခဲ့မယ်ဆိုတာ ဇေသိသည်။
"ရေချိုးခန်းထဲဝင်သွားတာ ကြာနေပြီ... ဒီကောင်မလေး ဘာလုပ်နေတာပါလိမ့်"
ခေါင်းကိုထောင်ကာ ရေချိုးခန်းတံခါးကိုကြည့်ရင်း ဝင်သွားတဲ့သူမလေးကို ထွက်လာနိုးနိုးနဲ့မျှော်နေရသည်။ ဟော်တယ်မှာပဲ မင်္ဂလာဆောင်ပြီး ဒီမှာပဲ အခန်းယူထားတာကြောင့် ဒီညတော့ ဒီမှာပဲအိပ်ဖြစ်တော့မည်။
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
Romanceဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)