ပထမနှစ်ကျောင်းသားကျောင်းသူများအတွက် welcome နေ့လေး.....
''မင်ဂယူးရား.....မင်းကလည်းကြာလိုက်တာ ငါမင်းကိုကျောင်းထဲမဝင်ပဲစောင့်နေရတာ တအားကြာတာပဲ''
ဒီနှစ်အတွက်တော့ King နေရာက ပြိုင်စံရှား တစ်မိုးအောင် မင်ဂယူး ပဲရမှာဆိုတော့ ကျောင်းမလာခင် အပြီအပြင်ပြင်ဆင်နေလို့ကျောင်းနောက်ကျနေတဲ့မင်ဂယူး
''ရားးးးဆော့မင်ကလည်းငါကမင်းလိုမှမဟုတ်တာ King ရမဲ့သူလေဒီလောက်တော့ပြင်ရမှာပေါ့ ''
အမြဲစိတ်တူကိုယ်တူငယ်ပေါင်းသူငယ်ချင်းဆော့မင်ကတော့မင်ပယူးအတွက်ဘုရားပေးတဲ့ဆုပါပဲ
''နောက်ကျနေပြီကွာသွားမယ်မြန်မြန်''
သူငယ်ချင်းနှစ်ယောက်ပွဲခန်းမဆောင်ကိုပြေးသွားစဥ် မင်ဂယူးဝင်တိုက်မိတဲ့ငှက်မွှေးလိုသေးသွယ်ပြီးဖွေးစွတ်နေတဲ့အရိပ်လေး
''အား.....ခင်ဗျားမမြင်ဖူးလား''
''sorry ပါဗျာ ကျွန်တော်လည်းရုတ်တရက်မို့သတိမထားမိလို့တောင်းပန်ပါတယ်..ဒါနဲ့ထလို့အဆင်ပြေရဲ့လားဟင်''
''ကြည့်ဦးလေခင်ဗျားဗလကြီးကိုအရှိန်နဲ့ဝင်ဆောင့်လိုက်တာရစရာလား''
''တောင်းပန်ပါတယ်ဗျာကျွန်တော်ခင်ဗျားကိုဆေးပေးခန်းလိုက်ပို့ပါ့မယ်ဗျာ ကျွန်တော့ပခုံးကိုတွဲထားနော် ခင်ဗျားဘာသာဆိုလမ်းလျှောက်ဖို့မလွယ်လောက်ဘူး ''
မြောင်ဟိုတကယ်စိတ်တိုမိတယ် ဒီလောက်လူသွားလမ်းအကျယ်ကြီးမှာ ကလေးလည်းမဟုတ်ပြေးနေတဲ့သူကို ပထမဆုံးကျောင်းစပြောင်းလာတဲ့နေ့မှာတင်မြောင်ဟိုအတွက်စိတ်ရှုပ်စရာအတိဖြစ်နေတဲ့ထိုလူအားကိုင်ပေါက်ပြစ်ချင်နေသည် ဒါပေမဲ့ ကိုယ့်ခြေထောက်ကလည်းနာနေတာမို့ဒီလူရဲ့အကူအညီယူရပေမည်
''အဲ့တာဆိုလည်း ခင်ဗျားပဲဆေးခန်းအထိလိုက်ပို့တော့''
ကင်မင်ဂယူးသည်ထိုငှက်မွှေးလိုကိုယ်နှင့်နှင်းရုပ်လိုအသားအရည်ရှိတဲ့ဆူပုတ်ပုတ်ကောင်လေးအားသူ့ပခုံးကိုဖက်စေပြီး မပြုတ်ကျစေရန်ခါးကနေထိန်းကိုင်ပေးထားရသည် သတိထားမိလိုက်သည်ကထိုလူ၏ခါးသိမ်သိမ်လေး ဒီကောင်လေးဒီလောက်သေးနေတာထမင်းရောအိမ်ကကျွေးရဲ့လားလို့တွေးမိပါရဲ့