ကျောင်းပေါက်ဝကိုလမ်းလျှောက်လာရင်း ကားလမ်းတစ်ဖက်မှာ နက်ဆွေးပြီး စျေးကြီးပုံပေါ်တဲ့ကားတစ်စီးနဲ့ အပေါ်အောက် အမဲရောင်ကိုဝတ်ထားပြီး ကားနားမှာရပ်နေတဲ့ဦးလေးကြီးက မြောင်ဟိုကိုလည်းတွေ့ရော ကျောင်းဘက်ခြမ်းကိုလမ်လျှောက်လာကာ
''ဒီကကျောင်းသားဆောမြောင်ဟိုလားမသိဘူး ''
''ဟုတ်ကဲ့...ကျွန်တော်ကဆောမြောင်ဟိုပါ ကျွန်တော့်ကိုရှာနေတာဦးလေးလားမသိဘူး''
''ဦးလေးတော့မဟုတ်ပါဘူး ဟိုကားပေါ်မှာစောင့်နေတဲ့သူဌေး ကင်မင်ဂယူးရဲ့အဖေက ဒီကကျောင်းသားကိုပြောစရာရှိလို့ပါ ''
အစကတော့ဘယ်သူမှန်းမသိတဲ့လူစိမ်းကြောင့်ဥ်းစားနေတုံး မင်ဂယူးရဲ့အဖေဆိုတာကြောင့် မြောင်ဟို စိတ်ထဲအနည်းငယ်တော့ရှိန်သွားသည် မင်ဂယူးနဲ့စခင်ကတည်းကအခုချိန်အထိ အဖေ့အကြောင်းကိုမင်ဂယူးဆီကလုံးဝမကြားခဲ့ဘူးပါ
''ဟုတ်ကဲ့ပါခင်ဗျ''
အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်လိမ့်မည်ဟုတွေးကာ ကားရှိရာလမ်တစ်ဖက်သို့ကူးလိုက်စဥ် ကားတံခါးဖွင့်ကာအထဲကိုကြည့်လိုက်တော့ အရှိန်အဝါနဲ့ပြည့်စုံပြီး အသက် ၅၀ အရွယ် ဦးလေးကြီး မျက်နှာအနေအထားအရ မင်ဂယူး၏ဖခင်ဆိုတဲ့အတိုင်း ခန့်ညားကာကြည့်ကောင်းနေသည်
''ကားထဲဝင်ထိုင်ကောင်လေး ''
''ဟုတ်ကဲ့ ဦးလေး ''
''ဒီကကျောင်းသားဆောမြောင်ဟိုနဲ့ ဦးလေးသားကဘယ်လိုဆက်ဆံရေးလည်း ''
''ခင်ဗျာ ''
''....''
''ဟုတ်ကဲ့.....ကျွန်တော်တို့ကသူငယ်ချင်းတွေပါ''
မြောင်ဟိုအမှန်အတိုင်းမပြောရဲပါ ဂယူ့ကိုမချစ်လို့မဟုတ်ပဲ ဂယူကိုယ်တိုင်သူ့မိသားစုကိုပေးသိစေချင်သည် နှစ်ဖက်မိဘကိုဖွင့်ပြောဖို့လည်းအချိန်တစ်ခုလောက်လိုချင်သည် အခုလိုအခြေအနေထက်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အခါမှသာဖွင့်ပြောဖို့ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်
''သူငယ်ချင်းတွေဆိုလည်း ပြီးတာပါပဲ ဦးလေးကမင်ဂယူ ကို US မှာကျောင်းတတ်နေတဲ့ ဦးလေးသူငယ်ချင်းသမီးနဲ့လက်ထပ်ပေးမလို့လေ ကလေးတွေကငယ်ငယ်လေးကတည်းကသိလာတဲ့အပြင် ဂယူ့ကိုမိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ဦးလေးရဲ့လုပ်ငန်းတွေဦးစီးစေချင်တာလေ ''