ကျောင်းဖွင့်တဲ့နောက်တစ်နေ့...
မြောင်ဟိုက တရုတ်ကနေ မိဘတွေနဲ့ခွဲပြီးကျောင်းလာတတ်ရတာမလို့ မြောင်ဟိုမိဘတွေက မြောင်ဟို့အတွက်ကျောင်းနဲ့သိပ်မဝေးတဲ့အိမ်ယာလေးတစ်ခုမှာတိုက်ခန်းလေးတစ်ခုဝယ်ပေးထားပြီးအဲ့မှာပဲနေရတယ်
သိပ်မနာတော့တဲ့ခြေထောက်အနေကြောင့်ကျောင်းသွားဖို့အဝတ်အစားလဲ မနက်စာကိုတော့ အသင့်စားခေါက်ဆွဲတစ်ဘူးပဲစားပြီးကျောင်းကိုထွက်လာစဥ်နောက်နေ အကျယ်ကြီးတီးလိုက်တဲ့ဆိုင်ကယ်ဟွန်းသံ....
''တီ.....တီ.....''
မြောင်ဟိုစိတ်တိုကာနောက်သို့တစ်ချက်လှည့်ကြည့်လိုက်စဥ် ဆိုင်ကယ်ဦးထုတ်ဆောင်းထဲ့သည့် မြင့်မားသည့်အရပ်နဲ့လူ ခြေထောက်ကသိပ်မနာတော့ပေမဲ့ လမ်းလျှောက်ရတာအဆင်မပြေလို့စိတ်တိုနေတဲ့ကြားဒီလူ့ကတစ်မျိုး
''ဟိတ်လူ...ဒီလောက်လမ်းအကျယ်ကြီးကိုသေမလို့ဆိုင်ကယ်ဟွန်းကိုတအားတီးနေတာလားဟမ်''
ပုံမှန်ဆိုကျောင်းအတူသွားနေကျပေမဲ့ ဒီနေ့မှသူ့အဖေကားနဲ့လိုက်သွားတဲ့ဆော့မင် အိမ်ကိုသွားခေါ်မှသူ့အဖေနဲ့လိုက်သွားမှန်းသိရသည် မင်ဂယူးလည်းတစ်ယောက်တည်းသာကျောင်းသွားရမည်ဆိုသောကြောင့်စိတ်မကြည်မလင်နဲ့ တစ်ယောက်တည်းဆိုင်ကယ်နဲ့ထွက်လာစဥ် လမ်းဘေးပလပ်ဖောင်းပေါ်မှာတော့နဲ့တော့နဲ့ နှင့်လျှောက်လာတဲ့ တရုတ်ပြည်ကနှင်းလူသားကိုနောက်ကနေမြင်ကာ စချင်စိတ်ကထိန်းမရလို့ ဟွန်းကိုအကျယ်ကြီးတီးလိုက်ရာ နှုတ်ခမ်းကြီးဆူက ပြန်စွာနေတဲ့သူကြောင့် စိတ်မကြည်တာတွေကအစရှာမတော့ပေ
''ငါ့ကိုတရုတ်လေးကမမှတ်မိဘူးပဲ''
ဆိုင်ကယ်ဦးထုတ်ချွတ်ကာသနားကမားမျက်နှာနှင့်ရုပ်ရှင်ရိုက်နေတဲ့မင်ဂယူး
''မမှတ်မိဆိုမင်းမျက်နှာကို အဲ့ဦးထုတ်ကြီးစွပ်ထားတာကို''
''ဒါနဲ့ခြေထောက်ရောသက်သာလား''
''အင်း''
''အင်းသာပြောတာ အနောက်ကနေကြည့်နေတာ ဖားလေးတစ်ကောင်မခုန်ပဲလမ်းလျှောက်နေသလိုပဲ''