ချစ်ရတဲ့သူနဲ့အတူယှဥ်တွဲနေရတာက ကံကောင်းခြင်းတစ်ခုပါပဲ
ဆောမြောင်ဟိုနိုးနိုးချင်းဘေးမှာလွတ်နေတဲ့နေရာကြောင့်စိတ်ထဲတော့မကောင်းပေ
ထမင်းစားခန်းထဲသွားကြည့်လိုက်တော့
သူ့ရဲ့ကံကောင်းခြင်းလို့အမည်တပ်ရမဲ့အမျိုးသားလေးရယ်ပါ ဘဝမှပထမဆုံးနဲ့နောက်ဆုံးဆိုတာသေချာတဲ့အချစ်တစ်ခုကဒီလူသားနဲ့မှဖြစ်တည်ခဲ့တာပါ
ဟင်းချက်ရင်းအလုပ်ရှုပ်နေတဲ့သူကိုနောက်ကနေဖက်ထားမိတော့ သူ့ကိုဆွဲလှည့်ပြီးရင်ခွင်ထဲထည့်လိုက်တဲ့ ဂင်မင်ဂယူး''နိုးပြီလားအချစ်လေး''
''အင်း.....မင်းကဘာလို့အခုလိုအစောကြီးထသွားရတာတုံး''
''စိတ်မဆိုးပါနဲ့အချစ်ရဲ့ ကိုယ်ကမနက်စာကိုယ်တိုင်ပြင်ပေးချင်လို့လေ''
''ငါကမင်းကိုနှိုးတာနဲ့တွေ့ချင်တာကို''
နှုတ်ခမ်းထော်ပြီးရန်တွေ့လာတဲ့ ချစ်ရတဲ့မြောင်ဟိုပါရယ်''နှုတ်ခမ်းကြီးကလည်းထော်လိုက်တာ..... အရင်ကအဲ့လောက်မထော်သလိုပဲနော် အာရီဂူးဘဲရုပ်ဆိုးကျနေတာပဲ''
''ဘာ...မင်းကအခုတော့အဲ့လိုပြောနေပြီပေါ့ ဖယ်ဖယ်....လွှတ်အခုငါ့ကို'' စတာကိုသူ့ကိုရုပ်ဆိုးတယ်လို့ပြောလို့လူကိုအတင်းတွန်းလွှတ်နေတဲ့အကောင်ပေါက်ကိုတမင်မလွှတ်ပေးပဲဆွဲဖက်ထားပြီး အိပ်ယာနိုးနိုးချင်းတောင်လှနေတဲ့မျက်နှာလေးကိုဆွဲမော့ပြီး နှုတ်ခမ်းချင်း အချစ်တွေဖလှယ်ပြစ်မိသည်
နူးညံ့နေတဲ့နှုတ်ခမ်းအစုံကိုအပေါ်အောက်ချယ်လှယ်နေတဲ့ မင်ဂယူးကြောင့် မြောင်ဟို့မှာတွန်းကန်မနေတော့ပဲ အတူစီးမြောလာရသည် မြောင်ဟိုရဲ့အချစ်တွေအနမ်းတွေကအစ တစ်ဘဝလုံးကိုထိုလူသားအားအပ်နှင်းထားပြီးဆက်ရှင်သန်တော့မည်အသက်ရှုဖို့မြောင်ဟို မင်ဂယူးရဲ့ရင်ဘတ်ကိုတွန်းမိတော့လွှတ်ပေးလာသည်
''မြောင်ဟို ကိုယ်မင်းကိုချစ်တယ် ကိုယ်မင်းနဲ့ဝေးရင်သေသွားမလားမသိဘူး မြောင်ဟိုရယ်''
''ဂယူကလည်းငါတို့ကဘာလို့ဝေးရမှာလည်း
မင်းနဲ့တစ်သက်လုံးအတူနေမှာ ကတိပေးငါနဲ့အတူနေပါ့မယ်လို့''''အချစ်ရယ် ကိုယ်ရယ် ကိုယ်တို့ကလေးတွေရယ် မိသားစုလေး အတူတစ်သက်လုံးနေကျမယ်လို့ ကိုယ်ကတိပေးတယ်''
နှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြိုင်တူရယ်မိကျသည်
ချစ်ခြင်းတွေတူရင်ကိုယ်တို့နီးရမှာပါအချစ်ရယ် ကိုယ်မင်းကိုကာကွယ်ပါ့မယ်
ဒီရက်ပိုင်းနေပြန်ကောင်းလာတာမလို့ ကျောင်းကိုလည်းအရင်လို ပြန်တတ်နေပြီဖြစ်တဲ့မြောင်ဟို...
''မြောင်ဟိုရား.....''
''ပြောလေ ဒါရာ''
''ဟိုလေ...နင့်ကိုဦးလေးကြီးတစ်ယောက်ကကျောင်းအဝမှာလာရှာနေတယ် ''
''ဟင်....ဟုတ်လားဘယ်သူလည်း''
''ငါလည်းသေချာမသိဘူး အရေးကြီးပုံပဲဟ သွားလိုက်ဦး''
''အမ်း...ဒါဆိုသွားလိုက်ဦးမယ် ငါ့ကို roll call လေးထိုးထားပေးဦး''
''အေးပါ....သွား''
Jun 27
မီယားနဲ အသစ်မရေးပဲပြစ်ထားမိလို့
streaming လုပ်နေတာရော personal မအားတာကြောင့် စာမရေးဖြစ်လို့ပါ နောက်ပိုင်းသေချာလေးကြိုးစားရေးပါ့မယ်နော် ဖတ်ပေးတဲ့လူအယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ် ဇာတ်သိမ်းဖို့လေးပိုင်းလောက်ပဲလိုတော့သလို Fic အသစ်အတွက်လည်းကြိုးစားနေပါပြီနော်♥
