ကျောင်းတတ်တာလည်းကြာလာသလို မင်ဂယူး မြောင်ဟိုနဲ့ ဆော့မင်တို့အချင်းချင်းက သူငယ်ချင်းအရင်းကြီးလိုဖြစ်လာကျသည်
မင်ဂယူရဲ့မနက်တိုင်းမှာ မြောင်ဟို့ကိုတွေ့ချင်လာပြီ ေကျာင်းသွားတိုင်းသူ့ဆိုင်ကယ်နောက်ကမြောင်ဟိုပါလာတာကိုသဘောကျနေတတ်သလို အိပ်ချင်ယောင်ဆောင်ပြီး မြောင်ဟို့မျက်နှာလေးကိုခိုးကြည့်တတ်လာပြီ အဲ့တာတွေကဘာကြောင့်လည်းဆိုတာကိုသူနားမလည်ပါ ဆော့မင်နဲ့နှစ်အကြာကြီးခင်လာပေမဲ့ မြောင်ဟို့အပေါ်ခံစားရသလို ဆော့မင်အပေါ်သူမခံစားရပါ ဒီခံစားချက်ကသူ့ခေါင်းထဲအမြဲတွေးနေမိတယ်
''ဆော့မင်ရာမင်းဆိုသည်မှာလည်းအမြဲမျက်နှာပဲပြောင်နေတာ အဲ့တာကြောင့် စီနီယာကမင်းကိုမယုံတာပေါ့ ''
''မင်းကလည်းကွာသူငယ်ချင်းရဲ့အချစ်ရေးကိုအားပေးမယ်မရှိဘူး အပြစ်ပြောဖို့ပဲ ''
တကယ်ပါ ဆော့မင်ဆိုတဲ့ကောင်က အားနေမျက်နှာပြောင်နေတော့ သူသဘောကျတဲ့ စီနီယာ ဂျီဆူး ကိုသွားဖွင့်ပြောတာ ဟိုကသူ့ကိုစနေတယ်ထင်ပြီး အဖြေမပေးပဲ ပလစ်ခံရမှ ကိုယ့်ဆီလာပြီးအကူအညီလာတောင်းလို့ ကိုယ့်မှာစီနီယာ့ဆီသွားပြီးသူ့အတွက်ရှေ့နေလိုက်ပေးနေရသေးတယ် အတော်ကောင်းတဲ့ကောင်
''ဒါနဲ့မင်းကိုငါမေးစရာရှိသေးတယ် ''
''ေမးကွာ''
''မင်းအချစ်ဆိုတာဘယ်လိုလည်းသိလား''
''အံမယ်...မင်းကအချစ်အကြောင်းသိချင်တာလား အချစ်ဆိုတာဘာလည်းမသိပေမဲ့ စီနီယာဟုန်းဂျီဆူး ပြုံးနေရင်ငါပျော်တယ် သူဝမ်းနည်းရင်ငါလည်းဝမ်းနည်းတယ် သူနဲ့အတူရှိရင်ရင်ခုန်လာတယ် စီနီယာအတွက်ဆိုလေ ငါက တစ်လောကလုံးနဲ့တောင်ချရဲတယ်ကွာ ''
''အေးအေးအဲ့လိုပြောင်နေလို့ စီနီယာဂျီဆူးက ပြန်မကြိုက်တာမင်းကို ''
'' ဟေ့ရောင် စီနီယာကပြန်ကြိုက်မှာငါကရအောင်လိုက်မှာကွသိလား''
''တော်ပါကွာ အခုလောက်ဆိုမြောင်ဟိုဗိုက်ဆာနေတော့မယ် ကန်တင်းကိုအမြန်သွားရအောင်''