''Hello မင်ဂယူး မင်းအခုချက်ချင်းအိမ်ပြန်လာခဲ့''
ပြောချင်ရာပြောပြီးဖုန်းချသွားတဲ့အပါး
ပုံမှန်လည်းမင်ဂယူးဟာအိမ်နဲ့သိပ် ရင်းနှီးတာမျိုးမရှိပါ မာမီဆုံးသွားကတည်းက အပါးကစီးပွားရေးကိုပိုဖိပြီးလုပ်ခဲ့ရာကနေ သားဖဆက်ဆံရေးကအရမ်းနွေးထွေးတာမျိုးမရှိခဲ့
အပါးက Kim Company အပြင်တရားမဝင်အလုပ်တွေကိုလည်းလုပ်တဲ့စီးပွားရေးလုပ်ငန်းရှင်ပေါ့ တချို့အရေးမကြီးတဲ့အကြောင်းတွေကိုအိမ်တော်ထိန်းနှင့်သာမင်ဂယူးဆီအကြောင်းကြားတတ်ပေမဲ့ ဒီနေ့ဖုန်းဆက်လာတော့ မြောင်ဟိုကိုအကျိုးအကြောင်းပြောကာ အိမ်ခနပြန်ရမည်''Hello....... အချစ်လေး''
''အော....ဘယ်လိုတွေခေါ်နေတာလည်း''
''ကိုယ်ပြောစရာရှိလို့မြောင်ဟို''
''ပြောလေ ''
''ဒီညထမင်းစားမစောင့်နဲ့နော် ကိုယ်အပါးအိမ်ခနပြန်မလို့''
''အွန်း...နောက်ကျမှာလား ''
''အဲ့တာတော့မသိဘူး နောက်ကျရင်မနက်မှပြန်ခဲ့မယ်လေနော်''
''ဒါဆိုဒါပဲနော်''
''မြောင်ဟိုရား....ချစ်တယ်နော်''
''ငါလည်းချစ်တယ်ဂယူ ''
ဖုန်းချပြီး ညနေအတန်းဆင်းချိန်မှာ အိမ်ကလာကြိုတဲ့ကားနဲ့ပဲအိမ်ကိုလိုက်ခဲ့တယ်
အိမ်ရောက်ရောက်ချင်းဧည့်ခန်းမှာထိုင်နေတဲ့ အပါး
''အပါး ကျွန်တော်ရောက်ပြီ''''မင်းဘာတွေလုပ်နေတာလည်း ဂင်မင်ဂယူး''
''ကျွန်တော်ဘာလုပ်မိလို့လည်း''
''မင်းအဲ့ကောင်လေးနဲ့လမ်းခွဲ ပြီးတော့ ငါစီစဥ်ပေးတဲ့မိန်းကလေးနဲ့ကျောင်းမပြီးခင်လက်ထပ်ရမယ်''
''ဘာပြောတယ် လမ်းခွဲရမယ်ဟုတ်လား....
ကျွန်တော်မလုပ်ပေးနိုင်ဘူး လက်လည်းမထပ်နိုင်ဘူး ကျွန်တော်ဆိုတဲ့ကောင်က ဆောမြောင်ဟိုကလွဲရင်ဘယ်သူ့ကိုမှမချစ်နိုင်ဘူး ''''မင်းအတွန့်တတ်မနေနဲ့ ငါစီစဥ်တဲ့အတိုင်းလက်ခံရမယ် မဟုတ်ရင် မင်းကောင်လေးအတွက်ငါအာမမခံဘူးနော် ''