၅နှစ်အကြာ~~~
ငြိမ်းငြိမ်းချမ်းချမ်းနဲ့လည်ပတ်နေတဲ့မြောင်ဟိုရဲ့တစ်နေ့တာ ဝါသနာပါတဲ့ပန်းချီလေးဆွဲ အဲ့ကရတဲ့ပိုက်ဆံလေးနဲ့ Cafe အသေးလေးတစ်ခုဖွင့်ခဲ့တယ် Cafe နာမည်က M&M တဲ့ ဘာလို့ဒီနာမည်ကိုရွေးခဲ့လည်းဆိုတာလည်း ကာယကံရှင်မြောင်ဟိုကိုယ်တိုင်ပဲသိသည်။
ပန်းချီဆွဲဖို့ mood မရတာနဲ့ မြောင်ဟိုလည်း
cafe တွင်သာလာထိုင်နေခဲ့သည် ။ မိုးရာသီရဲ့ ပထမဆုံး မိုးဖွဲလေးတွေကိုကြည့်ရင်း ဆိုင်ကကောင်လေးတစ်ယောက်လာချပေးသည့် ရေနွေးကြမ်းမွှေးမွှေးလေးကို အရသာခံရင်းသောက်လိုက်သည် ။ပျောက်သောသူကြာရင်မေ့တဲ့ သူကပျောက်သွားတာမှမဟုတ်ပဲ မြောင်ဟို့နှလုံးသားရဲ့ဟိုးအတွင်းနက်နက်ရှိုင်းရှိုင်း မှာဝှက်ထားခဲ့တာလေ ။ အဲ့တာကြောင့်လည်းတစ်ရက်မှမြောင်ဟိုမမေ့ခဲ့တာထင်တယ်။
အခုအချိန်ဆိုသူရောဘာလုပ်နေမလည်း ။
နှင်ထုတ်ခဲ့တာမြောင်ဟိုဆိုပေမဲ့ သူ့ဘက်ကအခုလို အစအနပါမချန်ပဲ ထွက်သွားခဲ့တာ
လောဘတတ်မိစွာနဲ့ပဲ မြောင်ဟိုငေးကြည့်ချင်ခဲ့မိတယ် သူပျော်နေတာကိုပဲဖြစ်ဖြစ်ငေးကြည့်ချင်ခဲ့မိတာကို။ထိုစဥ် ဆိုင်ထဲကိုဝင်လာသည့် အမျိုးသားတစ်ဦးနဲ့ ကလေးမလေးတစ်ယောက်....
မြောင်ဟို့ရဲ့မျက်ဝန်းတွေပြူးကျယ်သွားတဲ့အထိ ဖမ်းစားသွားတဲ့မြင်ကွင်း သူ့အတွက်အမြဲအမှတ်ရနေမည့် အိမ်မက်ထဲတွင်အကြိမ်ကြိမ် ပြေးလိုက်ခဲ့ရသည့် ကျောပြင်ကျယ် သေလောက်အောင်လွမ်းဆွတ်ခဲ့ရသည့်တစ်ဦးသောသူ
''မင်းဂယူ'' မြောင်ဟိုနှုတ်ကတိုးညင်းစွာရွတ်ဆိုမိတဲ့ နာမည်
''ဆောယွန်းရားးးးဘာစားမလည်း''
မြောင်ဟို့ကိုမမြင်ပဲဘေးကကလေးမလေးကို menu book ပြကာမေးနေတဲ့မင်ဂယူ
''cake ရယ် Chocolate ရယ်''
''ဒါပဲလား ဒါဆို Daddy ဒါပဲမှာလိုက်တော့မယ်နော်''
''nae''
ဝိတ်တာကောင်လေးကို စားစရာတချို့မှာပြီးနောက် ဘေးကလေးလေးရဲ့ဆံပင်လေးကိုပွတ်သတ်ပြီး ဖွဖွလေးနမ်းကာ သွားစွယ်တွေပေါ်တဲ့အထိပြုံးနေတဲ့ချစ်ရတဲ့သူ
YOU ARE READING
You
Viễn tưởnggyuhao ကိုပေါ့ပေါ့ပါးပါးလေးရေးကြည့်မှာမလို့ ပေါ့ပေါ့ပါးပါးပဲဖတ်ပေးကျပါ