Ep 5

194 16 2
                                    

အရင်ကလိုမဟုတ်ပဲပိုပြီးအသက်ဝင်လာတဲ့မြောင်ဟိုရဲ့မနက်ခင်းတွေ

မျက်နှာပေါ်ကျလာတဲ့အလင်းရောင်စူးစူးကြောင့်မြောင်ဟိုလည်းဆက်မအိပ်နိုင်ပဲရေချိုးဖို့ထလာခဲ့တယ်

ရေချိုးအဝတ်စားလဲပြီး မီးဖိုခန်းဘက်ထွက်လာတဲ့အချိန် မြတ်နိုးရတဲ့လူသား အနောက်ဘက်ကနေကြည့်တာတောင် ကြည့်ကောင်းပြီးပြည့်စုံနေတဲ့အမျိုးသား

''အဟမ်း...အဟမ်း''

မင်ဂယူးရဲ့ချောင်းဟန့်သံကြားမှ အငေးလွန်နေတာကိုသတိထားမိတဲ့မြောင်ဟို

''အာ....မောနင်း''

အာရီးဂူး မနက်စောစော မင်ဂယူးတို့တော့ ကိုယ့်ရည်းစားကိုအသည်းယားပြီးသေတော့မှာပဲ အစကတည်းကအနောက်ကနေရပ်ကြည့်နေမှန်းသိပေမဲ့ ခနလောက်ပဲထင်ပေမဲ့ ၅မိနစ်လောက်စိုက်ကြည့်နေတဲ့သူကြောင့် အနောက်လှည့်ပြီးချောင်းဟန့်တာတောင်အသိမဝင်နိုင်ပဲငေးနေတဲ့ ဆောမြောင်ဟိုပေါက်စကြောင့်ရူးတော့မယ်

''မြောင်ဟိုတို့များ ရည်းစားချောချောလေးကိုငေးနေတာမြင်လို့တောင်မကောင်းဘူးကွာ''

''မင်းနော်...ထပ်စနေမယ်ဆိုအခုအိမ်ကထွက်သွားသွား''

''ကြားရဲ့လားအရပ်ကတို့ရေ တရုတ်လေးတစ်ယောက် စားပြီးနားမလည်လုပ်ပြီး ကျွန်တော့်ကိုအိမ်ကနှင်ချနေတယ်ဗျို့ ကြားလို့မှကောင်းကျသေးရဲ့လား'' လို့အသံပြဲနဲ့အော်နေတဲ့ မင်ကယူးရဲ့ပါးစပ်ကိုလက်နဲ့လိုက်ပိတ်နေတဲ့မြောင်ဟို အရပ်မတိမ်းမယိမ်းဆိုပေမဲ့ လူကောင်သေးတဲ့မြောင်ဟိုကတော့မင်ဂယူးကိုမနိုင်

မြောင်ဟို့ကိုရှောင်ရင်းနဲ့ တဖြည်းဖြည်း နံရံဘက်ကပ်သွားတဲ့မင်ဂယူး ကမြောင်ဟို့လက်ကိုဖမ်းဆုပ်ပြီးမြောင်ဟို့ကိုနံရံနဲ့ဖိကပ်ထားလိုက်စဥ် အကြည့်ချင်းဆုံကာ မျက်နှာချင်းတစ်ဖြည်းဖြည်းကပ်ပြီး မျက်စိအစုံကိုမှိတ်လိုက်စဥ်

''တင်းတောင်....တင်းတောင်''

အဆက်မပြတ်မြည်လာတဲ့ တံခါးကဘဲလ်အသံ နှစ်ယောက်လုံးချက်ချင်းခွာလိုက်ပြီး

''ဟို....ကိုယ်ပဲတံခါးသွားဖွင့်ပေးလိုက်မယ် မနက်စာစားထားနှင့်''

''အော....ကျေးဇူးပဲ''

မင်ဂယူးထွက်သွားမှပဲ ရှက်စိတ်တွေတတ်လာပြီးနီရဲလာတဲ့မြောင်ဟို့မျက်နှာ

''ငါထင်သားပဲ မင်းတို့နှစ်ကောင်လုံးမကောင်းဘူး ငါ့ကိုကျတစ်ယောက်တည်းထားထားတယ် အဲ့ဒါကြောင့်အိမ်သွားတော့ မင်းအိမ်က မင်းအိမ်ပြန်မလာတာသောကြာနေ့ကတည်းကတဲ့ အခုတော့ထင်တဲ့အတိုင်းမြောင်ဟို့အိမ်ရောက်နေတာကို''

အိမ်တံခါးစဖွင့်ကတည်းကမကျေနပ်တာတွေကိုပြောနေတဲ့ ဒိုဂယောင်း

''မြောင်ဟိုရား''

''လာလေ''

''မင်းကလေ မင်ဂယူးကျတော့အိမ်ခေါ်ပြီးကျွေးထားတယ် ငါ့ကျမကျွေးထားဘူး မင်းကငါ့ကိုဆိုတကယ်မခင်ဘူးကွာ''

မနက်စောစောကလေးလိုလာပြီးပြောနေတဲ့ဒိုဂယောင်းကြောင့်မြန်မြန် နားညီသက်သာအောင်အကြံထုတ်နေတဲ့မင်ဂယူးက

''ရား ငါတို့ဒိုဂယောင်းလေး ညနေကျ ပီဇာစားမလား အမားက မုန့်ဖိုးထည့်ပေးထားတော့အတန်းပြီးရင်ပီဇာသွားစားကျမလားမြောင်ဟို''

ခင်တာသိပ်မကြာသေးပေမဲ့အချင်းချင်းအတွင်းသိတွေလိုဖြစ်နေကျတဲ့အတွက် အကဲခတ်မြန်တဲ့မြောင်ဟိုက

''အင်း သွားရအောင်လေ ပီဇာ menu အသစ်ထွက်တာအရမ်းကောင်းတယ်တဲ့ ဒိုဂယောင်းရောလိုက်မလား''

အစားဆိုနှစ်ခါခေါ်စရာမလိုတဲ့အပြင် ကိုယ်ကြိုက်တဲ့အစားအစာဆိုတော့ ဒိုဂယောင်းစိတ်ထဲကြာကြာစိတ်မကောက်နိုင်ပဲ

''သွားမယ်မင်းတို့ဝယ်ကျွေး''

စကားအဆုံးမှာသုံးယောက်လုံးအချင်းချင်းမျက်နှာတွေကြည့်ပြီးသာ ရယ်မိတော့သည်

သူငယ်ချင်းကောင်းဆိုတာဘုရားကပေးတဲ့လက်ဆောင်ပါပဲ

(တိုသွားတယ်ထင်ပါတယ် update ပေးချင်ပေမဲ့ ခေါင်းထဲကဘာမှထွက်မလာလို့ပါ ရေးချင်သလိုရေးရအောင်လည်း idol ရဲ့ image အပေါ်ဆိုးဆိုးရွားရွားသက်ရောက်မှုတွေဖြစ်လာမှာဆိုးလို့ ဖြည်းဖြည်းချင်းပဲရေးပါ့မယ်နော်)

YouWhere stories live. Discover now