အခန်းပြတင်းပေါက်ကနေဝင်လာတဲ့ခပ်နွေးနွေးနေရောင်ကြောင့် နိုးလာတဲ့မင်ဂယူး မျက်စိမဖွင့်သေးပေမဲ့ လှုပ်မရအောင်နာနေတဲ့လက်မောင်းကြောင့်အလျင်အမြန်မျက်လုံးဖွင့်မိတဲ့အခါ သူ့လက်မောင်းကိုခေါင်းဦးပြီးအိပ်ပျော်နေတဲ့ ဆောမြောင်ဟို အိတွဲနေတဲ့ခပ်ရှည်ရှည်ဆံပင်လေးတွေ မပါးမထူနဲ့နှုတ်ခမ်းလေး ချစ်ရသူအမျိုးသားလေးဟာ ဘယ်ဘဝရဲ့ကုသိုလ်ကံနဲ့ဆုတောင်းတွေကြောင့်ဒီလောက် လှနေရတာလည်းလို့တွေးမိသလို လက်လွှတ်မခံနိုင်ဘူးဆိုတာလည်းသိလိုက်ပြီး ဖွင့်ပြောပြီးအရယူဖို့အမြန်ကြိုးစားရတော့မည်
ခေါင်းအောက်ကလှုပ်လာတဲ့အရာ မသိမသာခိုးကြည့်မိတော့ သူကမင်ဂယူးရင်ဘတ်ထဲဝင်ကာ လက်မောင်းကိုခေါင်းဦးကာအိပ်မိနေသည် အစီအစဥ်မကျလှတဲ့သူ့နှလုံးခုန်သံတွေကြောင့်အသက်ပင်အောင့်ထားကာ ကင်မင်ဂယူး အမြန်အိပ်ယာထရန်သာဆုတောင်းနေမိသည်
ထိုစဥ်သူ့နှဖူးပေါ်ရောက်လာသည့်ခပ်နွေးနွေးထိတွေ့မှုလေး ဘုရားရေ....မင်ဂယူးကသူ့နှဖူးကိုနမ်းသွားတာ မင်ဂယူးကရောသူ့အပေါ်ခံစားချက်ရှိနေတာလား ....
မြောင်ဟိုရေချိုးပြီးအခန်းပြင်သို့ထွက်လာစဥ် မွှေးကြိုင်နေတဲ့ လက်ဖက်ရည်ရနံ့နဲ့အတူ မီးဖိုခန်းမှာသူ့ကိုကျောပေးကာချက်ပြုတ်နေသည့် အမျိုးသား
''မင်ဂယူး''
''အင်း''
''မင်းနိုးနေတာကြာပြီလား ငါ့ကိုဘာလို့မနှိုးတာလည်းကွာ''
မနက်ကအဖြစ်အပျတ်ကိုသိနေပေမဲ့ သူဟန်ဆောင်နေရဦးမည် မင်ဂယူးကသူ့အပေါ်ဘယ်လိုသဘောထားလည်းသိချင်နေသည်
တစ်သက်မှာသူ့အတွက်ပထမဆုံးဖြစ်တည်လာတဲ့ရင်ခုန်သံက သူနဲ့အမျိုးတူယောကျာ်းတစ်ယောက်ဖြစ်သည်''မနှိုးရက်လို့လေ... ဒါနဲ့ဒီနေ့ငါမင်းအိမ်မှာပဲနေမယ်နော် ညနေမှပြန်မယ်''
''သဘောပဲ''
''ဒါဆိုမနက်စာစားရအောင်''
တိတ်ဆိတ်စွာနဲ့မနက်စာစားပြီးနောက်
''မင်ဂယူး..အိမ်မှာနေဦးမှာမို့လား''
''အွန်း မြောင်ဟိုသွားစရာရှိလို့လား''