Begin

207 20 1
                                    

ချစ်လားလို့ မင်းမေးတိုင်း. .
ဒီရင်မှာကွဲပါစေ ကြေပါစေ
ကိုယ်မင်းကိုမချစ်ပါဘူးလို့ဖြေမယ်

အကြောင်းပြချက်ရယ်လို့ ကိုယ်မပေးနိုင်
မင်းအတွက် ကိုယ်ကဆူးခလုတ်မဖြစ်လို. .

ဒါတွေမင်းမသိလည်း ကိစ္စမရှိ
ကိုယ်မင်းကိုမချစ်တာပဲ မင်းသိပါစေ

ကိုယ်ဆိုတဲ့ မလှပတဲ့လှောင်အိမ်ထဲပဲပိတ်မထားချင်တာ ကိုယ့်ဆန္ဒမို့
အတောင်ပံတွေကို အလှပဆုံးဖြန့်လို့ အမြင့်ဆုံးသာပျံသန်းသွားလိုက်ပါ ကိုယ့်ငှက်ငယ်. .။

မင်းဆိုတာက ကိုယ်မဆွတ်ခူးရက်တဲ့ မဆွတ်ခူးရဲတဲ့
အတောက်ပဆုံးကြယ်ပွင့်လေးရယ်မို့. .။

ကိုယ်မမှီနိုင်တဲ့ အမြင့်ဆုံးနေရာမှာ တောက်ပရင်း
အတိတ်ကမလှပခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့တရားခံ
ကိုယ့်ကို မင်းမေ့ပစ်လိုက်ပါချစ်သော. .။

Scars:In The PastWhere stories live. Discover now