Episode : Eight

110 25 0
                                    

"ဟျောင်း!ပြန်လာပြီလား"

ဖိနပ်ချွတ်နေသောဟျောင်းကို ဂျဲနိုပွေ့ဖက်ရင်းမေးလိုက်သည်။

မနက်နိုးကတည်းက မတွေ့ရသောဟျောင်းကို သူလွမ်းနေရတာမလား။

နားရက်ရတဲ့အနည်းအကျဥ်းသောအချိန်လေးမှာကို အိမ်မကပ်ဘဲ အပြင်သွားနေသောဂျယ်မင်းနီးဟျောင်းကို သူကစိတ်ဆိုးချင်ချင်။

"ဖယ်စမ်းပါဂျဲနိုရာ. .ဟျောင်းကချွေးတွေနဲ့"

ဂျဲနိုပွေ့ဖက်ထားသောလက်တွေကြားက အတင်းရုန်းထွက်သွားသောဟျောင်းကြောင့် ဂျဲနိုဝမ်းနည်းသွားရသည်။

ဂျယ်မင်းဟျောင်းက ဘာဖြစ်လို့ သူ့ကိုဆိုငြင်းဆန်နေရမှန်းသူမသိ။

"ဟျောင်းဘာဖြစ်လာတာလဲ"

မီးဖိုခန်းထဲတန်းဝင်ပြီး ရေသောက်နေသည့် ဂျယ်မင်းနောက်ဂျဲနိုကတကောက်ကောက်။

မျက်နှာသိပ်မကောင်းချင်တဲ့ဂျယ်မင်းကိုလည်း အရိပ်တကြည့်ကြည့်။

"ဘာမှမဖြစ်ဘူး ပင်ပန်းလာလို့"

သူ့နောက်တကောက်ကောက်လိုက်နေသောဂျဲနိုကို ဟျောင်းကရှောင်ထွက်သွားပြန်သည်။

အိပ်ခန်းထဲဝင်သွားသော ဟျောင်းနောက်ကျောလေးကိုမြင်ရတာ ဂျဲနိုနှလုံးသားလေးနာကျင်ရပါ၏။

မကြည်မလင်ဖြစ်နေသောမျက်နှာလေးကြောင့် နောက်ကိုဆက်မလိုက်တော့ဘဲ အပြင်မှာပဲနေခဲ့ရင်း ဂျဲနိုမှာအတွေးများရ။

မနေ့ညကတောင် သူ့အနမ်းတွေကိုတုန့်ပြန်ခဲ့သောဟျောင်းက သူ့ကိုလက်ခံတော့မှာလို့ တွေးပြီး အခြေအနေလည်းကောင်းသည်ဟုတွေးနေခဲ့တာမလား။

ဟျောင်းစိတ်ဆိုးအောင် သူဘာတွေများလုပ်မိသလဲ မတွေးတတ်တော့။

နေ့လည်စာစားချိန်အထိ အခန်းထဲကထွက်မလာသော ဟျောင်းကြောင့် တံခါးသွားခေါက်သော်လည်း တုံ့ပြန်မှုမရတဲ့အပြင် အခန်းလော့ပါချထားတော့ ဂျဲနိုမှာခေါင်းခြောက်ရ. .။

တစ်ခါမှတံခါးလော့မချတတ်သောဟျောင်းက အပြင်ကနေဘာတွေဖြစ်လာလို့များလဲ။

Scars:In The PastWhere stories live. Discover now