Episode : Eleven

114 29 0
                                    

"Scheduleတွေအကုန်Cancleပေး ဒီတစ်ပတ်လုံး ကျွန်တော်နားနေမှာမလို့ လိုက်မရှာနဲ့. .ကျွန်တော်ပြောသလိုမလုပ်ရင် ကျွန်တော့်ကိုအပြစ်မတင်နဲ့"

ရာဇသံလိုစာတစ်စောင်သာ ထားခဲ့ပြီးပျောက်သွားသောလီဂျဲနိုကို ဂျေးပတ်ခ်မပြောနဲ့ CEOကိုယ်တိုင်ပင် လိုက်မရှာရဲပါ။

ဒေါသတကြီးပေါက်ကွဲနှင်ထုတ်ပြီး ညမှာပဲ အရှုပ်အပွတွေကြား ပျောက်ကွယ်သွားသောလီဂျဲနိုကို သူတို့မတားမြစ်နိုင်ခဲ့။

Starတစ်ယောက်က ဒီလိုမျိုးပြုမူနေလို့မရလည်း လီဂျဲနိုလိုလူမျိုးက ဂရုစိုက်နေမှာမဟုတ်မှန်း ဂျေးကောင်းကောင်းသိသည်။

ပိုကောင်းမှာပါဆိုတဲ့လမ်းကို ရွေးချယ်လေ အပျက်ပျက်နဲ့သွေးထွက်ရာတွေ တိုးလာလေဖြစ်နေရ။

ရိပ်မိနေမယ်လို့မထင်ခဲ့ခြင်းများက ရုတ်တရက်ရောက်ချသောဂျဲနိုက မှားယွင်းကြောင်းပြောလို့။

ပီပြင်လှပါပြီထင်ခဲ့သောလုပ်ကွက်တွေက မသိချင်ယောင်ဆောင်နေခြင်းကြောင့်လို့ သူတို့မသိခဲ့။

တွေ့ဆုံမှုလေးတစ်ခုက အရာအားလုံးကိုလုံလောက်အောင် သဘောပေါက်စေနိုင်သော်လည်း တိတ်ဆိတ်နေသောဂျဲနိုကြောင့် ဂျေးကစိုးထိတ်နေခဲ့တာ။

အရာရာကိုဖျက်ဆီးပစ်လို့ ဒေါသထွက်နေတော့လည်း ဂျေးကမတားဆီးနိုင်ပြန်။

အတူလက်တွဲလုပ်လာတဲ့တစ်လျှောက်လုံး ဂျဲနိုရဲ့ဒီပုံရိပ်က သူ့အတွက်ပထမဆုံး။

မကြောက်ဘူးဆို ဂျေးကလိမ်တာပဲဖြစ်သည်။

သားရဲတစ်ကောင်လို မြင်သမျှပေါက်ခွဲဖျက်ဆီးနေသောဂျဲနိုက ဂျေးအပြင် Bodyguardတွေကို ဘာမှလုပ်နိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်တာ။

လိမ်ခဲ့တာတွေက မင်းအတွက်ပါလို့ဖြေရှင်းလည်း နားမဝင်လောက်စရာမို့ ဂျေးကနောက်ကိုပဲဆုတ်နေမိရ။

ကံကြမ္မာက ဘာလို့များရက်ရက်စက်စက်လုပ်နိုင်ရသလဲ
အမြဲတမ်းမသိစေဘဲ ဒီအတိုင်းလေးပဲ ရှိနေစေပါတော့လား။

တစ်လမ်းစီလျှောက်လမ်းပြီးသားလူနှစ်ယောက်တောင် နေသားကျနေခဲ့ပြီးမှ ဘာလို့ရက်စက်နိုင်ရပြန်သလဲ။

Scars:In The PastWhere stories live. Discover now