Episode : Four

128 22 0
                                    

"ဒါတွေကဘာသဘောလဲဂျဲနို"

စားပွဲပေါ်ပြန့်ကျဲသွားတဲ့ဓာတ်ပုံတွေကို မမှိတ်မသုန်စိုက်ကြည့်လျက် တိတ်ဆိတ်နေမိသည်။

ရှုပ်ရှုပ်ထွေးထွေးစိတ်တွေကြောင့် ဘယ်သူ့ကိုမှတိုင်ပင်ခြင်းမရှိဘဲ တစ်ယောက်တည်း ဘားသွားထိုင်မိတဲ့ရလဒ်က Dating Newတဲ့။

ပုံမှန်ထက်ဆိုးရွားတဲ့သတင်းတွေက ခေါင်းကိုကိုက်ခဲလာစေသည်။

စူးစူးရဲရဲစိုက်ကြည့်နေတဲ့CEOကို တစ်ချက်သာပြန်လှန်ကြည့်ပြီး နားထင်ကိုဖိနှိပ်လိုက်သည်။

"ဂျေးဟျောင်း. .ခေါင်းကိုက်နေပြီ ပြန်ရအောင်"

"အီဂျဲနို!"

Meeting Roomရဲ့တံခါးလက်ကိုင်ကို ကိုင်လိုက်ချိန် ဟိန်းခနဲထွက်လာသောCEOရဲ့အော်သံ။

"ကျွန်တော်ဘယ်လိုလူမျိုးလဲဆိုတာ CEOအသိဆုံးပဲနေမှာပါ CEOကတောင် သံသယဝင်စရာကောင်းလောက်တဲ့အထိ ကျွန်တော်ဘယ်တုန်းကသရုပ်ပျက်ခဲ့ဖူးလို့လဲ. .တစ်ခြားသူတွေသတင်းရေး သမုတ်တာတော့ကျွန်တော်ခံနိုင်ပေမဲ့ CEOတို့သံသယဝင်တာကိုတော့ ကျွန်တော်အံ့ဩရပြီး စိတ်လည်းပျက်မိသလိုပဲ"

CEOအပါအဝင်မန်နေဂျာဟျောင်းကိုပါ တစ်လှည့်စီကြည့်ကာပြောခဲ့ပြီး ထိုအခန်းမှလှည့်ထွက်ခဲ့လိုက်သည်။

သံသယအကြည့်တွေနဲ့လာကြည့်နေတဲ့ CEOနဲ့မန်နေဂျာဟျောင်းကို သူမကြည့်နေချင်တော့။

သူအပင်ပန်းဆုံးအချိန်တွေကစပြီး သူ့အနားမှာရှိနေခဲ့တဲ့၊ သူ့အတွက်အရင်နှီးဆုံးလူတွေကတောင် သံသယတွေနဲ့လာကြည့်နေရအောင် သူကဘာတွေများလုပ်ခဲ့လို့လဲ။

မန်နေဂျာဟျောင်းကိုတောင်စောင့်မနေတာ့ဘဲ Agencyထဲကအထွက် အကာအကွယ်မပါတဲ့သူ့ကို သတင်းသမားတွေကအမိအရဝန်းရံလာကြသည်။

တစ်ယောက်တစ်ခွန်းမေးနေတဲ့မေးခွန်းတွေက သဲသဲကွဲကွဲမကြားရဘဲ နားထဲတစီစီမြည်နေတာမို့ နိုးကတည်းကခဲနေခဲ့သောခေါင်းက ပိုဆိုးလာတော့သည်။

"ခလွမ်း. .!"

ကိုက်ခဲလာသောခေါင်းကြောင့် အော်ဟစ်ပစ်မိခါနီးမှာ တစ်စုံတစ်ရာကွဲကြေသွားသံကြားလိုက်ရပြီး အုံနေသည့်လူအုပ်က လူစုကွဲသွားခဲ့သည်။

Scars:In The PastWhere stories live. Discover now