Episode : One

178 27 0
                                    

ဂျယ်မင်း : ဆယ့်ခြောက်နှစ်

နိုနို : ဆယ်နှစ်

"ကြီးလာရင် နိုနိုလေးက ဘာဖြစ်ချင်လဲ"

စာဖတ်နေတဲ့သူ့ကိုမှီတွယ်ကာ ထိုင်နေသောကလေးက သူ့စကားကြောင့် ခေါင်းထောင်ကြည့်ပြီး တွေတွေကလေးစဥ်းစားလို့နေတယ်။

လူကြီးလေးလိုပြုမူတတ်တဲ့ ဆယ်နှစ်ကလေးလေးက တကယ်ကိုလေးလေးနက်နက်စဥ်းစားလို့။

"ကျွန်တော်က သီချင်းဆိုရင်းနဲ့ ဘဝကိုကုန်ဆုံးချင်တာ"

တည်ငြိမ်စွာထွက်ပေါ်လာတဲ့စကားတွေက ဆယ်နှစ်ကလေးနဲ့မလိုက်မဖက် . . ။

သူ့ကိုသူ နိုနိုက သားက လို့မသုံးနှုန်းတတ်တော့တာက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက။

သူ့ကလေးလေးက အဲ့လိုမျိုး အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေလိုက်တာ။

"ဘာလဲTVတွေထဲမှာ မြင်နေရတဲ့ IDOLတွေလိုမျိုးလား"

သူကပြန်မေးတော့ နိုနိုလေးက မျက်မှောင်ကိုကြုတ်ပစ်သည်။

လူကြီးလိုပြုမူနေပေမဲ့ သူ့အတွက်တော့ သူ့နိုနိုကလေးပဲမို့ သူ့မှာအူယားလျက် ရယ်ချင်နေမိရ။

"ဟင့်အင်း. .ကျွန်တော်က သူတို့ထက်ပိုအောင်မြင်အောင်လုပ်ပြီး ဂျယ်မင်းနီးဟျောင်းကို ချမ်းချမ်းသာသာထားမှာ"

ဆယ်နှစ်ကလေးလေးရဲ့စကားကြောင့် ဆယ့်ခြောက်နှစ်အရွယ်သူ့မှာ မျက်ရည်တွေဝဲခဲ့ရတာ။

ဘာကိုမှပြန်မျှော်လင့်လို့ရယ်မဟုတ်ပေမဲ့ အဲ့နေ့ကအခန်းကျဥ်းလေးထဲမှာ ဂျယ်မင်းက သူ့ကိုသူကတိပြန်ပေးခဲ့သည်။

တစ်နေ့နိုနိုလေးတောက်ပနေစေဖို့ သူ့အတတ်နိုင်ဆုံး ကြိုးစားပေးမည်။

အတောက်ပဆုံး အကောင်းဆုံးတွေနဲ့သာထိုက်တန်တဲ့ သူ့ကလေးလေးအတွက် သူကအထောက်အပံ့တစ်ခုဖြစ်စေရမည်။

ဘယ်သူမှမသိလောက်မည့် ကတိတရားတွေပေမဲ့ အတတ်နိုင်ဆုံးတည်စေရပါမယ်။

တည်ခဲ့ပါတယ်. .

တဖျပ်ဖျပ်လက်နေသော ကင်မရာမီးရောင်တွေကြားက တောက်တောက်ပပထွက်ပေါ်လာသော အပြုံးအရယ်မဲ့နေသော လူချောကလေးက တစ်ချိန်တုန်းက သူ့ကလေးလေး။

Scars:In The PastWhere stories live. Discover now