Episode : Six

104 28 0
                                    

ဂျယ်မင်း : နှစ်ဆယ့်လေးနှစ်

ဂျဲနို   :   ဆယ့်ရှစ်နှစ်

"ဟျောင်း. .ကျွန်တော်တစ်စုံတစ်ယောက်ကို ချစ်လို့ရလား"

လှုပ်ရှားနေသောဂျေးရဲ့လက်တွေက ရပ်တန့်သွားသည်။

ထူးထူးဆန်းဆန်းအမေးရှိလာတဲ့ဂျဲနိုက အတွေးတွေပြန့်လွှင့်နေသလိုမျိုး ငေးငေးဆွေးဆွေး. .။

"မင်းသဘောကျတဲ့သူရှိနေပြီလားဂျဲနို. .ဒီတစ်ခါProjectထဲက?"

"မဟုတ်ပါဘူး. ."

တိုးတိုးတိတ်တိတ်ငြင်းဆန်ခြင်းပြုတဲ့ ဂျဲနိုက မျက်မှောင်တွေတွန့်ကြုတ်လို့။

"ဒါဆိုဘယ်သူလဲ"

"မရှိပါဘူး. .မေးရုံမေးတာ"

ဂျဲနိုစကားကို ဂျေးကမယုံ
သို့သော်ထပ်မမေး. .

"လူတိုင်းကချစ်ခွင့်ရှိတာပေါ့ မင်းလည်းလူထဲကလူပဲလေ ချစ်လို့မရဘူးလို့ရှိပါ့မလား အခြေအနေအချိန်အခါပေါ်မူတည်ပြီး ပေါ်ပေါ်ထင်ထင်ချစ်ခွင့်ရှိခြင်းမရှိခြင်းပဲကွာသွားမှာပေါ့"

ထည့်လက်စအဝတ်တွေကို ဆက်ထည့်ရင်း အဆင်ပြေလောက်မည့်စကားတွေကိုရွေးပြောရသည်။

မန်နေဂျာတစ်ယောက်ပေမို့ ဂျဲနို့ကိုကာကွယ်စောင့်ရှောက်ရမှာ သူ့တာဝန်။

ဂျဲနိုကိုလမ်းမှားမရောက်စေဖို့. .အောင်မြင်မှုတွေဆီကနေ မသွေဖယ်သွားစေဖို့အတွက် ဂရုစိုက်ပေးရမည်က သူ့အလုပ်။

"ဘာလို့ကျွန်တော်က ပေါ်ပေါ်ထင်ထင်ချစ်ခွင့်မရှိရတာလဲ"

"မရှိတာမဟုတ်ပါဘူး အချိန်မတိုင်သေးတာပါ. .တစ်နေ့နေ့ဆိုတာ ရောက်လာမှာပေါ့"

"ကျွန်တော်လက်မခံချင်ဘူး. .ကျွန်တော်ချစ်တဲ့သူကိုတော့ ပေါ်ပေါ်ထင်ထင်မြတ်နိုးပြချင်တယ်ဟျောင်း"

ဂျဲနိုမှာတကယ်ပဲ ချစ်ရမယ့်သူရှိနေတာလား. .။

အဲ့လိုပုံစံမျိုးတွေလည်း မတွေ့ရပါပဲနှင့်. .

အလုပ်ကိုသာစိတ်ဝင်စားတဲ့ဂျဲနိုက တစ်စုံတစ်ယောက်ကိုချစ်ဖို့ကော အချိန်ကရှိပါရဲ့လား။

Scars:In The PastWhere stories live. Discover now