Episode : Two

137 22 0
                                    

ဆယ့်သုံးနှစ်ဂျယ်မင်းအတွက် လမ်းကြားလေးထဲက မှဲ့နက်ကလေးက သနားစိတ်ကနေစတင်ပြီး သံယောဇဥ်တွေနဲ့ရစ်ပတ်လို့ ဘဝထဲတိုးဝင်လာခဲ့တာ တတိတိ. .

ခုနစ်အရွယ်ဂျဲနိုလေးအတွက်ကတော့ ဘဝမှာသူ့ဆီကိုပထမဆုံးအနေနဲ့ လက်စကမ်းပေးခဲ့တဲ့ အမာရွတ်တစ်ချို့နဲ့လက်ပိုင်ရှင်လေးက ဘဝကြီးတစ်ခုလုံးဖြစ်ခဲ့တာ တိုးတိုးတိတ်တိတ်. .

. . . . ။

"ဂျဲနိုနဲ့ဆိုဟီးရဲ့ ဆက်ဆံရေးကဘယ်လို အခြေအနေမှာရှိလဲ"

သူစိတ်ကုန်တာ ဒီလိုInterviwerတွေနဲ့ ဒီလိုမေးခွန်းတွေကိုဖြစ်သည်။

သူကမာနကြီးတယ် ရိုင်းတယ် တစ်ဖက်သူအပေါ် လေးစားမှုမရှိဘူး. .အဲ့လိုဖြစ်လာရတာက အမှန်တိုင်းဖြေတတ်လွန်းတဲ့ သူ့အဖြေတွေကြောင့်. .

"ကျွန်တော်တို့က. ."

"ခင်မင်ရင်းနှီးတာထက်ပိုတဲ့ ဆက်ဆံရေးတစ်ခု. .အွန်း အဲ့လိုမျိုးပေါ့ ဆိုဟီးတော့ ဂျဲနိုနဲ့ဆက်ဆံရေးကို ခေါင်းစဥ်တစ်ခုအောက် ထည့်သွင်းမပစ်ချင်ပါဘူး ခေါင်းစဥ်တစ်ခုတပ်လိုက်ပြီး ဒီဆက်ဆံရေးလေးကို မမှေးမှိန်သွားစေချင်လို့"

သူဖြေခါနီး ခုံပေါ်တင်ထားတဲ့သူ့လက်ကို အပေါ်ကနေလာဆုပ်ကိုင်ပြီး ဝင်ဖြေလိုက်တဲ့တစ်ဖက်ကမိန်းကလေး။

သူဒါတွေကိုမုန်းတာ. .။

ဂင်ဆိုဟီး. .သူမက သူ့အတွက်နဲ့ လုပ်ဖော်ကိုင်ဖက်ထက် ဘာမှမပိုတဲ့လူသာဖြစ်သော်လည်း သူမအဖြေတွေက သူတို့ကို ဘာလိုလိုထင်သွားစေတာမို့ သူ့စိတ်ကထောင်းခနဲ။

အစကတည်းက မရယ်မပြုံးနဲ့အီဂျဲနိုမို့ မသိသာသော်လည်း သူ့အကြောင်းကောင်းကောင်းသိသူတိုင်းတော့ သူဒေါသထွက်နေကြောင်း သိမည်။

ဒေါသထွက်တိုင်း နီရဲလာတတ်တဲ့သူ့နားရွက်တွေက ပူထူနေခဲ့ပြီမို့ ရဲတက်နေမှာလည်းအသေအချာ။

တင်းခနဲဖြစ်သွားသောသူ့လက်ကို ထိုမိန်းကလေးဆုပ်ကိုင်မှုကြားက ရုန်းထွက်လိုက်ချင်ပေမဲ့ ကင်မရာနောက်က ခေါင်းခါပြနေတဲ့ဂျေးဟျောင်းကြောင့် ငြိမ်နေရပြန်သည်။

Scars:In The PastWhere stories live. Discover now