Episode : Nine

110 22 0
                                    

နာနာကျင်ကျင်လမ်းခွဲခဲ့တဲ့ဖြစ်တည်မှုတွေက မတူညီတော့တဲ့လျှောက်လမ်းမှုတွေနဲ့အတူ ကွဲပြားသွားတဲ့လမ်းတွေအပေါ်မှာ ခြေစုံရပ်လို့. .။

တစ်ယောက်သောသူက နာကြည်းမိသူကို နာနာကျင်ကျင်မေ့ပစ်ဖို့ရာဦးတည်လို့ အထင်သေးမှုတွေကမှားကြောင်း သက်သေပြနိုင်ဖို့ ပင်ပင်ပန်းပန်းအောင်မြင်မှုနောက်လိုက်နေခဲ့. .။

ပင်ပန်းလာတိုင်း နာကြည်းစရာမျက်ဝန်းတွေကို မြင်ယောင်လို့ ပိုကြိုးစားပစ်ပြီး ကွဲကြေသွားခဲ့တဲ့နှလုံးသားကို ဘယ်တော့မှထုတ်မကြည့်တော့ဖို့ ဂျောင်ထိုးထားခဲ့။

လဲကျခါနီးတိုင်း ပြောရက်ခဲ့တဲ့ နာကျင်စရာစကားတွေကိုနားယောင်လို့ မပြိုလဲစေရင်း ဂျဲနိုကသူ့ဘဝသူအဲ့လိုတစ်ယောက်တည်း တည်ဆောက်ပစ်လိုက်တော့တာ. .။

သတိမရအောင်နေလည်း ပေါ့ပေါ့တန်တန်မဟုတ်ခဲ့တဲ့ အချစ်တွေကြောင့် သတိရရင် ကိုယ့်ကိုကိုယ်ထုရိုက်နာကျင်အောင်လုပ်ပြီး အပြစ်တွေပေးခဲ့ရ။

နာဂျယ်မင်းဆိုတာ သူ့အတွက် နာကျင်ရတဲ့အတိတ်က ဒဏ်ရာဒဏ်ချက်တွေဆိုတာထက်မပိုအောင် ကိုယ့်ကိုကိုယ်အနာတရတွေဖြစ်စေပြီး မုန်းတီးတတ်ဖို့သင်ယူခဲ့တာ။

အရင်ကပင်ပန်းလာတိုင်းအဆင်သင့်ရှိပေးခဲ့တဲ့ ရင်ခွင်တစ်စုံက အခုတော့ သူပင်ပန်းရခြင်းရဲ့အကြောင်းပြချက်ဖြစ်လာရပြီး ဝေးသွားဖို့ကို သူတို့နှစ်ယောက်က လျှောက်လမ်းလို့. . ။

ဂျဲနိုကမုန်းတီးပစ်ဖို့အားယူနေချိန် ဂျယ်မင်းက နာကျင်ရင်း အလွမ်းတွေကိုဖြေဖျောက်နေခဲ့ရ။

ပြေးတွေ့ချင်မိရတိုင်း ဂျေးပတ်ခ်ပြောတဲ့စကားတွေကို ပြန်ကြားရင်းက ရေပန်းအောက်ဝင်ရောက်ငိုကြွေးနေခဲ့ရသည်။

နောက်ဆုံးနေ့က သူကိုယ်တိုင်ပြောခဲ့မိသော နာကျင်စရာစကားတွေကြောင့် တရိပ်ရိပ်တက်လာခဲ့သောကြောက်ရွံ့မှုတွေနှင့် နာကျင်နေသောမျက်နှာလေးကို မြင်ယောင်တိုင်း ဂျယ်မင်းကသူ့ကိုသူအပြစ်တွေတင်ရင်း အပြစ်တွေပေးရင်း နာကျင်စေခဲ့တာ ကိုယ့်ဖာသာ။

Scars:In The PastWhere stories live. Discover now