Episode : Ten

105 24 1
                                    

"အဟွတ် အဟွတ်!"

အရှင်းမပျောက်သေးသောချောင်းကြောင့် အနားဝန်းကျင်ရှိလူတွေကိုပင် အားနာလာရသည်။

အဖျားနောက်ပြန်ထလာသော ပန်းနာရင်ကြပ်ကြောင့် ရင်ဘတ်တွေအောင့်သည်အထိ ချောင်းကဆက်တိုက်ပင်။

မနွေးတော့သောကော်ဖီခါးခါးကို မော့သောက်ပြီး ဘယ်နကြိမ်မြောက်မှန်းမသိသော သက်ပြင်းကိုချမိရ။

အချိန်တွေကလည်းကြာလိုက်ရတာ။

မြန်မြန်ပြီးသွားဖို့မျှော်လင့်လေ ထိုအရာကပိုကြာလေ။

ချိန်းထားသည်ထက် နာရီဝက်လောက်ပိုစောရောက်နေခြင်းက ရောက်မလာသေးသည့်သူကို စောင့်ရတာ တစ်သက်လောက်ကြာသလို ခံစားရ။

"သူတို့ကတကယ်တွဲနေကြပြီလားမသိပါဘူးဟယ်. .ဂျဲနိုကြောင့် ငါ့အသည်းတွေတော့ကွဲပါပြီ ငါ့ဂျဲနိုလေးကိုသူနဲ့ သဘောမတူနိုင်ပါဘူး"

ခပ်စိတ်စိတ်ပြန့်လွှင့်လာသော ရှေ့ဝိုင်းကကောင်မလေးတွေအသံက သူ့ရဲ့ဒဏ်ရာတွေကိုပါ ပြန်ဆွလာသလို ရင်ဘတ်ကတင်းတင်းကြပ်ကြပ်ဖြစ်လာသည်။

သူ့နဲ့ထက်ဆိုင်ရင်တော့ သူမနဲ့က ဂျဲနိုလေးအတွက်ကောင်းပါတယ်လို့ ဖြေသိမ့်နေလည်း စကားနားမထောင်သော နှလုံးသားကြောင့် မျက်ရည်တို့လည်းမတိတ်နိုင်။

ဂျဲနိုလေးဘက်က တိတိကျကျမဖြေရှင်းထားလည်း ပိုပိုသာသာဖြစ်လာသောပုံရိပ်တွေကြောင့် ထိုသတင်းကိုကြားရတိုင်း၊ တွေ့ရတိုင်း မျက်ရည်လည်ရသည်က အစဥ်လာမပျက်။

ဘယ်သူမှမသိအောင်တိတ်တဆိတ်ငိုကြွေးပစ်နေလည်း ဂျယ်မင်းကဝမ်းသာပါသည်၊ ဂျဲနိုလေးအတွက်ဝမ်းသာပေးနိုင်ပါသည်။

ဂျဲနိုလေးကိုယ်တိုင်က ကြည်ကြည်ဖြူဖြူဆို ဂျယ်မင်းကနာကျင်နေလည်းဘာအရေးလဲ။

အစကတည်းက ဂျဲနိုလေးဘဝထဲ မပါဝင်နိုင်တော့တဲ့လူတစ်ယောက်အနေနဲ့ တိတ်တိတ်လေးလက်ခုပ်တီးပေးနိုင်ပါတယ်။

"နာဂျယ်မင်း. ."

"ဂျေးပတ်ခ်"

ဂျယ်မင်းအတွက်အိပ်မက်ဆိုးလိုနေ့ရက်တွေလိုပါပဲ. .

Scars:In The PastWhere stories live. Discover now