ခက်စူးစူးထွက်ပေါ်နေသော မနက်ခင်းနေရောင်ကြောင့် မျက်ခွံအား အားစိုက်ကာဖွင့်ကြည့်မိခိုက် လိုက်ကာအားထိုးကာဖြာကျနေသော နံနက်ခင်းနေရောင်ခြည် ၊ ချက်ချင်းပင် အာရုံခံမိလာသော မိုးမခမောင်၏အငွေ့သက် နှုတ်ခမ်းထောင့်စွမ်းအားသိသိသာသာကွေးညွတ်မိတော့ ခက်ရေးရေးတတ်လညသောရှက်စိတ်နှင့်အတူ အိပ်ယာမှကုန်းရုန်းထမိလေသည်။ ထိုကလေးမ မရှိဘူးဆိုလျှာင် နေတောင်မြင့်နေပြီထင်ပါရဲ့။ အိပ်ယာအားသေချာဖြန့်ကာ စောင်အားသေချာခေါက်ကာ သိမ်းနေခိုက် ဝင်လာသည့်အတွေးက မနေ့ညက ကိစ္စပင်။ ထိုကိစ္စမေးမြန်းလာခဲ့ရင်သူဘယ်လိုဖြေရှင်းရမည်နည်း အချိန်တယအတန်ကြာအောင်စဉ်းစားပြီး ထိုကလေးမအခန်းမှထွက်ကာ သူမအခန်းသို့သွား၍ ရေမိုးချိုးကာ အောက်ထပ်သို့ဆင်းလာခဲ့လေသည်။
"ကြီးငွေ"
"ဪ တူမကြီးကို မနက်စာမစားဘဲမိုးလေးနဲ့ဆိုင်လိုက်သွားတယ်မှတ်တာ"
"ဒီနေ့ နားချင်လို့လေ တစ်ရက်တစ်လေ"
"အဲ့လိုနားမှပါဘဲ မဟုတ်ရင် မိုးလေး ပြောလဲပြောချင်စရာလေ နားမှမနားတာကို ပူရမယ့်ယောကျာ်းမရှိ ကလေးမရှိနဲ့"
"ဟားဟား ဘာလဲကြီးငွေက ယောကျာ်းယူစေချင်လို့လား"
"တော်ပါ တော်ပါ ကျုပ်ကပေးစားနိုင်တယ် မိုးမခမောင်ကဘဲ ဘယ်သူ့လုပ်လို့လုပ်သွားမယ်မှန်းမသိဖြစ်နေမယ်"
"ဟုတ်ပါ့ ဒါနဲ့ ဘာလုပ်ကူရအုံးမလဲ"
အောက်ထပ်သို့ဆင်းလာရင်း အစ်မ အသံလဲကြားသည်မို့ ယနေ့အထည်ဆိုင်မသွားမှန်းကောက်ချက်ချမိလေသည်။ သို့ပေမယ့်သူဘာလို့မသွားသလဲ။အိမ်နေရင်းမို့ ဆံပင်အားဖြစ်သလိုထုံးဖွဲ့ကာ ချည်စိမ်းဖျော့ရောင်ဝမ်းဆက်လေးအား ဝတ်ဆင်ထားကာ မည်သည့်ဆိုးဆေးမျှအကူမလိုပါသော ထိုအမျိုးသည် ပုရိသများ သဘောကျချင်လဲ ကျချင်စရာအတိပင်။
"သမီးတောင်နိုးလာပီုဘဲ ကြီးငွေလက်ဖက်ရည်ဖျော်ထားတယ် သမီး မုန့်တွေကဒီမှာ"
သူ့ကိုမြင်တော့ ကြီးငွေက မနက်စာများပြင်ဆင်ပေးလေသည်။
"မူယာ နေ့လည်ကြ အစ်မနဲ့ ဈေးဝယ်ထွက်မလား"

YOU ARE READING
"ငှက်"
Romansa"မုန်တိုင်းတိုက်ချိန်မို့ ဘေးကင်းရာလာခိုနားတဲ့ ငှက်ကလေးကို မင်းစွန့်ခွာပျံသန်းသွားရင်လဲ ကိုယ်မတားပါဘူး မင်းလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်အချစ် ကိုယ်ကမင်းရဲ့ ဆန္ဒတွေအကုန်ဖြည့်ဆည်းပေးမှာပေါ့အချစ်ရယ်"