Ep (2)

868 82 10
                                    

Unicode.....

ခြံထဲကစီးလာတဲ့ရှူးဖိနပ်ကိုမချွတ်ပဲ အိမ်ပေါ်သို့ပြေးတက်လာသည် ။ ကလေးကအဲ့လို အရာရာတိုင်းနမော်နမဲ့နဲ့ ။

"ဂျွန်ရေ...! ဂျွန်.."

မီးဖိုချောင်ထဲက ကျွန်တော်လည်း မအားလပ်ပေမဲ့ ကလေးခေါ်ရာဆီသာပြေးကြည့်ရပြန်သည် ။ ကလေးကသူခေါ်တာအမြန်မလာရင် စိတ်လေးကကောက်တတ်သေးတာ ။

"ကိုယ်ရှိတယ် ပြော"

"ပန်းတွေလေ.. ပွင့်နေပြီ.. လာကြည့် လာကြည့်"

လက်ကိုဆွဲခေါ်ပြီး ခြံထဲသို့ပြေးသည် ။ ကျွန်တော်ကစာရေးဆရာဆိုတော့ အေးချမ်းတဲ့နေရာမှာနေတာ ။ ကလေးကခြံအကျယ်ကြီးဆီက ပန်းတွေကိုသဘောကျနေရှာသည် ။ ဒီပန်းတွေပွင့်လာဖို့ ကျွန်တော်ပဲကြိုးစားခဲ့ရတာ ။

"ဟုတ်ပါရဲ့ ပွင့်နေပြီပဲ"

ကာနေးရှင်း ပန်းတွေကအစုလိုက်အစုလိုက်ပွင့်နေကြပြီ ။ ရက်နည်းနည်းလောက်သာကြာရင်ပန်းခင်းကြီးဖြစ်တော့မှာ ။

"အကုန်ထယ့်အပိုင်နော် ဟုတ်တယ်မလားဟင်"

"အင်း မင်းအပိုင်ပေါ့"

"ဒါဆို ဘယ်သူ့မှမပေးရဘူးနော် ဟိုအန်တီကြီးကိုရောပဲ"

တစ်နေ့က လာသွားတဲ့ စာအုပ်ထုတ်လုပ်တဲ့စာရေးကောင်မလေးကို ကလေးကအမြင်မကြည်ဖြစ်‌ နေသည်။

"မပေးပါဘူး ကလေးအပိုင်"

"ပြီးရော"

ကာနေးရှင်းတွေကိုတကယ်သဘောကျတဲ့ပုံ ။
ကလေးကအဲ့နားမှာပဲထိုင်ပြီး ပန်းတွေကိုတသသဖြစ်နေတော့တာ ။

"အရမ်းမကိုင်နဲ့နော်ကလေး လက်ဆိပ်တက်သွားမယ်"

"လက်ဆိပ်တက်ရင်ဘာဖြစ်လို့လဲ"

"ပန်းတွေညှိုးကုန်မှာပေါ့"

"ဟင်း... လှလို့ ကိုင်ချင်ပါတယ်ဆို"

ချက်ချင်းမျက်နှာညိုးကျသွားတဲ့ ကလေးကလည်း ပန်းကလေးတစ်ပွင့်လို ။ ဂျောင်ဂုပြုံးလိုက်ရင်း ကလေးပါးကိုလက်ဖြင့်ဆွဲဖိလိုက်သည် ။

"ဒီပန်းလေးမျက်နှာလည်း ညိုးနေပါရောလား"

ကလေးက ကျွန်တော်ပြောလို့ မျက်နှာလေးကိုပိုတောင်ညိုးပြသေးသည် ။ ချစ်ဖို့ကောင်းတဲ့အမူအရာမို့ နှာခေါင်းရှုံ့တဲ့အထိပြုံးမိပြန်သည် ။

Oh Ophelia ✓Where stories live. Discover now