Ep (1)

1.2K 88 9
                                    

Unicode....

ကျွန်တော်က တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ခဲ့တာပါ ။ မိဘမဲ့ကျောင်းမှာ တခြားကလေးတွေလို လာခေါ်မဲ့သူကိုမျှော်နေခဲ့ရတာ ။ မမှတ်မိတော့တဲ့အမေ့အပြုံးတွေ‌ ... မွန်းကြပ်စရာကောင်းတဲ့ညတွေ ။ ကျွန်တော်ကငယ်သေးပေမဲ့ လောကဓံဆိုတာ ဘာမှန်းငယ်ငယ်ထဲကသိပြီးရုန်းကန်ခဲ့ရသည် ။

တစ်နေ့ကျွန်တော်ကိုလိုချင်တယ်ဆိုတဲ့မိဘတစ်စုံပေါ်လာသည် ။ လာမခေါ်တဲ့မိဘအစစ်တွေမျှော်မနေတော့ပဲ သူတို့နဲ့ပဲလိုက်ခဲ့တယ် ။ သူတို့ကသဘောကောင်းသည် ။ ကျွန်တော့်ကိုလူတော်ဖြစ်အောင်ကျွေးမွေးထောက်ပံ့ခဲ့သည် ။ ပိုပြီးကျေးဇူးတင်ရဆုံးက ဂျောင်ဝူးပါ ။ သူကကျွန်တော့်ကိုမွေးစားထားတဲ့လူတွေရဲ့ သားအရင်းဖြစ်သည် ။
ညီအကိုလည်းဖြစ်သလို သူငယ်ချင်းကောင်းလည်းဖြစ်သည် ။ ကျွန်တော် Alphaဖြစ်မှန်းစသိတုန်းကဆို ဂုဏ်ယူဆုံးသူဖြစ်ခဲ့တာ ။

နောက် ၅နှစ်နေတော့ ကျွန်တော့်ကို မွေးစားထားတဲ့လူတွေက အက်စီးဒင့်ကြောင့်ဆုံးပါးသွားခဲ့သည် ။ ကျွန်တော်နဲ့ဂျောင်ဝူးပဲကျန်ခဲ့ကာ နှစ်ယောက်ထဲရုန်းကန်ရတော့သည် ။ ကျွန်တော်ငယ်ငယ်ကအလုပ်တော်တော်များများလုပ်ခဲ့ဖူးသည် ။ အကိုလည်းပါတယ် ။ ကျွန်တော်တို့အရွယ်ရောက်တော့ အကိုက သူ့ချစ်တဲ့ကောင်မလေးနဲ့ ခိုးရာပြေးသွားခဲ့သည် ။ ကောင်မလေးမိဘတွေကချမ်းသာတဲ့သူဖြစ်ပြီး အကို့ကိုသဘောမကျတာကြောင့် ခိုးပြေးသွားခဲ့တာ ။ ကျွန်တော်နဲ့တော့ ရံဖန်ရံခါအဆက်အသွယ်ရသည် ။
အသက်အရွယ်ရလာတဲ့ကျွန်တော်က တစ်ယောက်ထဲဆိုပေမဲ့ အကိုက‌တော့ ကလေးမွေးပြီးပြီဖြစ်ကြောင်းစာထဲမှာပြောလာသည် ။
ကျွန်တော်ဦးလေးတစ်ယောက်ဖြစ်ပြီဆိုတဲ့ ခံစားချက်ကြောင့်အလွန်ပျော်ခဲ့ရတယ် ။

အချိန်ရလာတာနဲ့အမျှကျွန်တော်လည်း ၀င်ငွေရတဲ့စာရေးဆရာတစ်ယောက်ဖြစ်လာသည် ။ အကို့ဆီကအဆက်အသွယ်ကမရတော့တာကြာပြီ ။ စိတ်ပူပေမဲ့ သူ့မိသားစုနဲ့သူမို့ ဂရုတစိုက်နေမှာပါ ။
ဒါပေမဲ့ ကျွန်တော့်အထင်နဲ့တက်တက်ဆင်အောင်လွဲခဲ့သည် ။ ကျွန်တော့်အကိုတို့ဇနီးမောင်နှံက ကလေးဆယ်နှစ်ပြည့်တာနဲ့ရှေ့ဆင့်နောက်ဆင့်ဆုံးသွားခဲ့ကြတာ ။

Oh Ophelia ✓Where stories live. Discover now