Ep (8)

782 63 3
                                    

❗ Warning (Violence, assault)
This is just part of the fiction/ Not related to real characters
Read it on your own risk ❗

Unicode.....

အရာရာအားလုံးမပြောင်းလဲပဲ ဆက်လက်ရွေ့လျားနေသည် ။ 16နှစ်အရွယ်ရောက်တဲ့ကလေးကပိုပိုလှလာပြီး ကျွန်တော့်စိတ်ကိုပိုပြိးစိုးမိုးလာနိုင်သည် ။ 

ကျွန်တော့်ရဲ့အတ္တစိတ်များကလည်း ပိုပြီးအသက်၀င်လာပြန်သည် ။ 

မိုးရာသီမို့ ရွာနေဆဲဖြစ်တဲ့မိုးဖွှားများကမဆဲ ။ 

အိမ်အတွက်လိုအပ်တာတွေဝယ်ပြီးတာနဲ့ ပြန်ဖို့ပြင်လိုက်သည် ။ ကျွန်တော့်လက်ထဲအထုပ်ပေါင်းမြောက်များစွာရှိနေပြီ အကုန်လုံးနီးပါးကလေးကြိုက်လောက်မည်ထင်တဲ့ဟာတွေ ။ 

ကားထဲရေမစိုအောင် ကြိုးစားထည့်လိုက်ပြီး လူပါ၀င်မလို့လုပ်လိုက်ပေမဲ့ ကြားလိုက်ရတဲ့ခေါ်သံတစ်ခု ။ 

"ဂျောင်ဂုရှီ?"

လှည့်ကြည့်လိုက်တော့ ရင်းနှီးတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရသည် ။ ဂျောင်ဂုကြောင်အနေဆဲမှာပဲ ထိုအမျိုးသမီးက ပြုံးပြလာကာ

"တကယ် ဂျောင်ဂုရှီပဲ... ကျွန်မကိုမှတ်မိတယ်မလားဟင်"

‌ထိုမှသာတွေးမိသွားသည် ။ မင်ဂျီဖြစ်ပြီး ဂုတ်လောက်ထိတိုသွားတဲ့ဆံပင်ကြောင့် သူမမှတ်မိလိုက်တာ ။ 

"မင်ဂျီရှီ?"

"ဟုတ်ပါတယ် ခဏလောက်စကားပြောလို့ရမလား"

ကျွန်တော်တို့နှစ်ယောက် အနီးနားကကော်ဖီဆိုင်ထဲရောက်လာသည် ။ ကော်ဖီတစ်ယောက်တစ်ခွက်သာမှာပြီး မျက်နှာချင်းဆိုင်ထိုင်ရင်း ဘာစပြောရမလဲမသိ ။ တွဲခဲ့တဲ့ဆက်ဆံရေးမို့ ပြန်တွေ့တော့ အနေရခက်ပါသည် ။ 

"ကျွန်မတို့မတွေ့တာအတော်တောင်ကြာသွားပြီပဲ ဂျောင်ဂုရှီ အဆင်ပြေတယ်မလား"

"ကျွန်‌တော်ပြေပါတယ်"

"အခုထိ တစ်ယောက်ထဲပဲလား?... တမျိုးတော့မထင်ပါနဲ့ လက်စွပ်မတွေ့မိလို့မေးကြည့်တာပါ"

ဘယ်ဘက်လက်က ရှင်းနေသည့် ကျွန်တော့်လက်ချောင်းတွေကြောင့်ဖြစ်မည် ။ လက်ထပ်ဖို့ဆိုတာဝေးပါသေးတယ်... ကလေးက အသက်မှမပြည့်သေးတာ ။ 

Oh Ophelia ✓Where stories live. Discover now