Final

1.1K 71 21
                                    

Unicode.....

[Lumineersရဲ့ Ophelia ဆိုတဲ့သီချင်းလေးနားထောင်ပြီးဖတ်ကြည့်ပါနော်]

"လူနာ ဂျွန်ဂျောင်ဂု ၀င်လို့ရပါပြီ"

ဆေးရုံခုံပေါ်ထိုင်နေရာမှထလိုက်သောအမျိုးသား ။ ထုံးစံအတိုင်း နက်ဆွေးနေတဲ့ ကုတ်အကျီကြီး၀တ်ဆင်ထားပြီး မြင့်မားတဲ့အရပ်က တံခါးဘောင်ကိုထိလုလု ။ ပြနေကျဆရာ၀န်‌ရှေ့ထိုင်လိုက်တော့ စာရွက်စာတမ်းတွေလှန်လှောပြီး မျက်လုံးပင့်ကြည့်သည် ။

"ဆေးတွေ အရင်ကလိုပဲဆွဲသောက်ရမယ် Echo result လည်းထွက်ပြီဆိုတော့ နုလုံးအခြေအနေလည်းပိုဂရုစိုက်ရမယ်မလား.. ခင်ဗျား စိတ်ချမ်းသာစရာတွေပဲတွေးနေ‌သင့်တယ်"

စိတ်ချမ်းသာစရာ?
ကျွန်တော့်အတွက် အဲ့တာမရှိတာ 5နှစ်တောင်ကြာခဲ့ပြီလေ ။
ဆရာ၀န်က ရင်ဘတ်ပေါ် နားကြပ်နဲ့နားထောင်ပြီး စာရွက်တွေကိုထပ်လှန်ပြန်သည် ။

"ဆေးတွေ ကျွန်တော်ရေးပေးလိုက်မယ် ထုတ်လို့ရတာ ထုတ်သွားပြီး ကျန်တာတွေတော့ ၀ယ်သောက်လိုက်ပါ"

ပေးတဲ့စာရွက်လေးယူပြီး ထလာလိုက်သည် ။ ဒီနေရာဒီအခြေအနေကို ကျွန်တော်မုန်းပါသည် ။ လူမမာမဖြစ်ချင်ပေမဲ့ လူမမာတစိတ်တပိုင်းကဖြစ်နေတော့ လောကဓံကို ဘယ်တားလို့ရမလဲ ။
ကျွန်တော့်ရဲ့ ရင်ဘတ်အောင့်ရောဂါကလည်းပိုပြင်းလာတာကို

ကားပေါ်တက်လိုက်ပြီး ‌အိမ်ဆီပဲမောင်းထွက်ခဲ့သည် ။ အိမ်??
ကျွန်တော့်အိမ်က အိမ်နဲ့မတူတာကြာပြီ ။
ရယ်သံလွင်လွင်လေးတွေလည်းမကြားရသလို အော်ဟစ်သံ ဆူညံသံတွေလည်းမရှိ ။ ပြီးတော့ သူ၏ pheromones များလည်းမရှိ ။

ထယ့်ကိုလက်လွှတ်လိုက်တာ 5နှစ်တောင်ရှိပြီ ။ ကျွန်တော့်ဆီကနေ သူအပြီးအပိုင်ထွက်သွားတော့တာ ။
ဦးနှောက်က ဟိုနေ့အတွေးများဆီရောက်သွားသည် ။

ကျွန်တော်မေ့လဲသွားတော့ ကလေးက ဒီတိုင်းထားခဲ့နိုင်ဟန်မတူ ။ ဆရာ၀န်ခေါ်ပေးကာ သတိရတဲ့အထိစောင့်ပေးသည် ။
ပြန်နိုးလာတော့ သူ့လုပ်ရပ်တွေပြန်တွေးပြီး ဘယ်ကနေစမှားလည်း စဉ်းစားနေမိသည် ။

Oh Ophelia ✓Where stories live. Discover now