Ep (4)

783 73 5
                                    

Unicode.....

မနက်တိုင်း ကျောင်းသွားဖို့ဆိုရင် ကလေးက အကြာကြီး ပြင်ဆင်တတ်သည် ။ Omega တွေပဲရှိတဲ့ကျောင်းမို့အလှပြိုင်ချင်ကြတာလားတော့မသိ ။ သူ့ကိုယ်သူမှုန်နေအောင်ပြင်ပြီးမှ သွားလေ့ရှိသည် ။

"ကလေး အဲ့ရေမွှေးတွေမဖျန်းနဲ့တော့"

"ဘာလို့လဲ မွှေးတဲ့ဟာကို"

"ကိုယ်မကြိုက်ဘူး"

ကလေးရဲ့ပင်ကိုယ်ရနံ့ကိုဖုံးနေတဲ့ရေမွှေးအား ကျွန်တော်မကြိုက် ။ လူကိုယ်တိုင်ကမွှေးနေတာပဲ ဘာလို့ ဓာတုပစ္စည်းတွေသုံးနေဦးမှာလဲ ။

ကလေးမျက်နှာက မကြိုက်ဘူးဆိုတဲ့အချက်ကြောင့် ဆူပုတ်နေလေသည် ။

"ကျောင်းကားလာတော့မယ်လေ ဘာထိုင်လုပ်နေတာလဲ"

ကြမ်းပြင်ပေါ်ပုံပုံလေးထိုင်ကာ ကျွန်တော့်အားစိတ်ကောက်ချင်နေပုံရသည် ။

"ကိုယ်လိုက်ပို့ရမလား"

ကလေးမျက်လုံးအရောင်များလက်ခနဲဖြစ်သွားသည် ။ တခါတလေမှ လိုက်ပို့တတ်တာမို့ ကျောင်းကားထက်စာရင် ကျွန်တော်နဲ့သွားချင်ပုံရသည် ။

"ပြီးရောလေ"

လွယ်အိတ်လေးကောက်လွယ်ရင်း ကားဘေးနားတန်းနေအောင်ပြေးသည် ။ ခြေအိတ်ကဖြင့်သေချာစွတ်ရသေးတာမဟုတ် ဒီကလေးကတော့....

ခြေအိတ်သေးသေးလေးက ကျွန်တော့်လက်ထဲမှာ အလိပ်လိုက် ။ စောင့်နေတဲ့ကလေးနားသွားကာ ကားတံခါးဖွင့်လိုက်ပြီးထိုင်စေလိုက်သည် ။ ပြီးတာနဲ့ခြေထောက်သေးသေးလေးကိုယူကာ ဒီတိုင်းစွတ်ထားတဲ့ဖိနပ်ကိုချွတ်ရင်း ခြေအိတ်လေး၀တ်ပေးလိုက်သည် ။

"ပူတယ် အဲ့တာကြီးက"

‌"ခြေအိတ်၀တ်မှ လူအမြင်လှတာပေါ့"

အလှကြိုက်တဲ့လူမို့ အများကြီးပြောစရာမလို ။
ပြင်ဆင်ပြီးတော့ကားစထွက်ဖို့ပြင်လိုက်၏ ။ ဘေးက ကလေးကသီချင်းတသည်းသည်းလုပ်ရင်း ခြေထောက်လေးတွေလှုပ်စိလှုပ်စိလုပ်နေသည် ။

ကျောင်း၀တ်စုံဖြစ်တဲ့ပေါင်လယ်လောက်ဘောင်းဘီတိုလေးက လိပ်တက်နေပြီး ကလေးခြေထောက်လှလှကိုမြင်နေရသည် ။ ကိုယ်တိုင်တောင်မသိမထားမိလိုက်ပဲ ကျွန်တော့်လက်တွေက အဲ့ပေါင်ပေါ်ရောက်သွားတာ ။ အသိ၀င်လာတော့ ကလေးက ပြူးပြူးလေးကြည့်လို့နေသည် ။

Oh Ophelia ✓Where stories live. Discover now