Ep (7)

793 74 4
                                    

Unicode.....

မနက်ခင်းထထချင်းကိုယ်ချစ်တဲ့လူကိုမြင်ရတဲ့ခံစားချက် ။ ဖော်ပြလို့မရအောင်ပဲမြတ်နိုးမှုကြင်နာမှုတွေဖိတ်ယိုကုန်တော့တာ ။ 

အိပ်ခန်းထဲသို့ ၀င်ရောက်လာတဲ့နေရောင်နွေးနွေးလေးကြောင့် မျက်လုံးတစ်လုံးအရင်ဖွင့်ကြည့်လိုက်မိသည် ။ ချက်ချင်းတန်းမြင်လိုက်ရတဲ့ အပြုံးနုနုချိုချိုလေးက ရင်ထဲအေးသွားစေနိုင်အောင်ပဲစွဲဆောင်လွန်းသည် ။ ကလေးရဲ့မျက်နှာက ကြည်လင်နေပြီး နှုတ်ခမ်းလေးကော့တက်တဲ့အထိပြုံးပြလာသည် ။ 

"မောနင်း"

ပြုံးပြုံးလေးပြောတဲ့ကလေးက အိပ်ယာထက် လက်ထောက်ကာ ဂျောင်ဂုကိုအုပ်မိုးကြည့်နေသည် ။ ဂျောင်ဂုလည်းမနေနိုင်စွာ ကလေးမျက်နှာမှဖရိုဖရဲကျနေတဲ့ ဆံပင်လေးတွေကိုနားအနောက်သိမ်းပေးလိုက်သည် ။ 

"မောနင်း ထယ်"

ကလေးက ရင်ဘတ်ပေါ်ခေါင်းမှီလာပြီးကိုယ်လုံးသေးသေးလေးဖြင့် ဖက်တွယ်လာသည် ။ 

လက်ပြတ်၀တ်ထားတဲ့ ထယ်ယောင်းရဲ့ပုခုံးစွန်းလေးကိုပွတ်လိုက်ရင်း ဂျောင်ဂုမျက်လုံးများမှိတ်ပစ်လိုက်သည် ။ 

ပုခုံးကနေတစ်ဆင့်ခါးသွယ်သွယ်ဆီလက်ရောက်မိတော့ သူ့လက်ဖဝါးအရွယ်ခါးလေးအားစမ်းမိသည် ။ Alpha တစ်ယောက် ယောက်ျားသားတစ်ယောက်ရဲ့မနက်ခင်းက ဘယ်သို့သောစိတ်ဖြင့် ‌ပြည့်နှက်နေလဲမသိ ။ အောက်ပိုင်းမှတစ်နေရာရဲ့တင်းမာမှုကိုခံစားလိုက်ရသည် ။ 

သူ့ဒုက္ခကိုမသိသေးတဲ့ကလေးကတော့ ရင်ဘတ်ပေါ်ခေါင်းမှီထားရင်ပင် မနက်ခင်းအသံအစ်အစ်လေးဖြင့် သီချင်းသည်းနေပြန်သည် ။ 

"ထယ် ထတော့"

"နိုး... ကျောင်းပိတ်ရက်လေ"

"အဲ့တာဆို ဆက်အိပ် ကိုယ်ကထမှရတော့မယ်"

ကလေး‌ကို ဆိုးဝါးတဲ့အရာတွေဆီကိုအဆင့်မတက်ချင်တာမို့ ဂျောင်ဂုအမြဲရှောင်သည် ။ ဒါပေမဲ့ ကလေးကတော့.... မရှောင်နိုင်အောင်ပြုစားလေ့ရှိသည် ။ 

"မထရပါဘူး"

ဗိုက်ပေါ်ခွထိုင်လာပြီး ပြုံးကြည့်ပြန်သည် ။ ဂုတ်ထောက်နေတဲ့ ဆံပင်လေးတွေကိုနားနောက်သပ်ရင်း ကျွန်တော့်ပါးကိုခပ်ဖွဖွပွတ်ကာ အုပ်မိုးကြည့်လာသည် ။ 

Oh Ophelia ✓Where stories live. Discover now