Unicode.....
"ရယ်ဂျွန်း ဒီတခေါက်စာအုပ်ဆိုင်အဟောင်းကိုသွားဖြစ်သေးလား"
"နိုး.... ဒယ်ဒီခရီးကနေအိမ်ပြန်ရောက်နေတာမို့ ညနေပိုင်းအပြန်သိပ်ထွက်လို့မရဘူး"
အလယ်တန်းကျောင်း၀တ်စုံသပ်သပ်ရပ်ရပ်၀တ်ထားတဲ့ကောင်မလေးနှစ်ယောက် ။ ရယ်ဂျွန်းနဲ့ ဟာအွန်းတို့ဖြစ်ပြီး ရယ်ဂျွန်းဆိုတဲ့ကောင်မလေးက ရယ်လိုက်ရင်း လေးထောင့်အပြုံးလေးနဲ့ချစ်ဖို့အလွန်ကောင်းသည် ။
"နင့် ဒယ်ဒီကတော့"
"ထုံးစံအတိုင်းပဲ ငါနဲ့ပါးပါးဆိုရင်သူ့တအားချုပ်ချယ်တာ"
"ဖူးဖူးမှုတ်ထားအောင် ချစ်တာကိုဟဲ့ နင့်ဒယ်ဒီက ဘယ်လောက်ချစ်ပေးလိုက်လဲလို့"
"ဟုတ်ပါ့ ပါးပါးက ယောက်ျားရကံကောင်းပါတယ် ဟိဟိ"
ရယ်ဂျွန်းတို့အိမ်က ချမ်းသာတဲ့လူတွေဖြစ်ပြီး ဒယ်ဒီနဲ့ပါပါးနှစ်ယောက်သာမိသားစု၀င်ဖြစ်သည် ။ ဒယ်ဒီက တခါတရံအလုပ်ကိစ္စနဲ့ခရီးတွေထွက်နေရပြီး ပါပါးကတော့ သူ့ဒီဇိုင်းတွေနဲ့သာအလုပ်ရှုပ်လေ့ရှိသည် ။ ဒါပေမဲ့နှစ်ယောက်လုံးသူမအပေါ်တော့တာ၀န်မပျက်ကွက်ကြပေ ။
အခုလည်းကျောင်းဆင်းချိန်မို့ အလုပ်မအားတာတောင် ပါပါးက ကျောင်းရှေ့ကားလေးနှင့်စောင့်နေလေသည် ။ ဆောင်းရာသီရောက်နေတာမို့နှင်းတွေဖွေးဖွေးလှုပ်နေပြီး နှင်းတောထဲက ပါပါးရဲ့ချောမောမှုက ဘေးလူတွေငေးကြည့်သွားသည်အထိ ။
"အသဲလေး... ကျောင်းဆင်းပြီမလား"
"ဒါပေါ့ပါပါးရဲ့... ဒီနေ့ဒယ်ဒီလိုက်မလာဘူးလား"
"ဒယ်ဒီနေမကောင်းဘူးလေ.. ပါပါးတို့အိမ်မြန်မြန်ပြန်ကြရအောင်"
"ဟုတ်"
ကားပေါ်တက်လိုက်သည်နှင့် ကျွမ်းကျင်တဲ့လက်ချောင်းသွယ်သွယ်က အိမ်ဆီဦးတည်သွားလေသည် ။ ရယ်ဂျွန်းလေးက ဆယ်ကျော်သက်ဖြစ်တာမို့ ပါပါးကဘယ်တော့မဆို မျက်စိထောင့်ဒေါက်လိုက်ကြည့်တက်သည် ။ သူတို့ကြောင့်ပဲ သူမမှာ အချစ်ဦးလည်းမရှိသလို ရည်းစားဦးလေးတောင်မရှိသေးပါ ။ ပါပါးကတော့ဆုံးမစကားတွေအမြဲပြောတတ်ပြီး ဒယ်ဒီကတော့ရည်းစားကိစ္စကိုအပြင်းအထန်ကန့်ကွက်သည် ။
YOU ARE READING
Oh Ophelia ✓
FanfictionMy Omega From the beginning of life till the end of the sunset, he is my Omega Ophelia [Recommended song - Ophelia by the Lumineers] (3rd) creation