Ep (10)

859 79 5
                                    

Unicode.....

19နှစ်အရွယ်ရှိပြီဖြစ်တဲ့ကလေး ။
အပြင်ထွက်တိုင်း တကိုယ်လုံးမှုံနေအောင်ပြင်ဆင်ပြီးမှထွက်သည် ။ အရာရာအားလုံးပေါ့ပျက်ပျက်သဘောထားပြီး ဆယ်ကျော်သက်ဘ၀ကိုဖြတ်သန်းမယ်ဆိုပြီးပြောသေးပြန်တာ ။

"ပိုက်ဆံပေးဦး ဟန်နီ"

ကလေးစိတ်လိုလက်ရပေးထားတဲ့ နာမ်စားလေးတစ်ခုက ဟန်နီတဲ့ ။ သူအရမ်းကြိုက်တဲ့ စာအုပ်ရဲ့ နာမည်က ဟန်နီဖြစ်လို့ ခေါ်ချင်ပါတယ်ဆိုပြီးပြောလေရဲ့ ။ ကျွန်တော်ကလည်း ဒီနာမ်စားကိုသဘောကျတာမို့ မငြင်းဖြစ် ။ ကလေးက ဟန်နီတခါခေါ်တိုင်း မင်းသဘောနဲ့တင်ပြီးသည် ။

"ဟိုနေ့ကလေးတင် ကိုယ်လုံလောက်အောင်ပေးထားတယ်လေ"

"လုပ်ပါ ဟန်နီကလဲ..."

ကျွန်တော့်ပေါင်ပေါ်တက်ထိုင်လာပြီး လက်မောင်းလေးကိုဆွဲကာ ကြောင်ပေါက်လေးလို့ တအီအီစချွဲတော့သည် ။

"အင်း မင်းသဘော"

"ဒီတိုင်းမပေးခိုင်းပါဘူး ဂျွန်ရဲ့ သိရဲ့သားနဲ့"

အရောင်ခြယ်ထားတဲ့ လက်ချောင်းရှည်သွယ်သွယ်လေးက ရင်ဘတ်ကကြယ်သီးကိုလှည့်ကစားလာသည် ။ ပြီးတာနဲ့မျက်နှာလေးမော့လာကာ နှုတ်ခမ်းအားနမ်းရှိုက်သည် ။ ကလေးရဲ့ပိုမိုရဲတင်းလာတဲ့အပြုအမူတွေဖြစ်ပြီး ဒါတွေအားလုံးကလည်းကျွန်တော့်ကြောင့်ပေ ။

ကလေးရဲ့အတွင်းထဲအထိ ထိတွေ့ပြီးတဲ့နောက်ပိုင်းကျွန်တော့်လိုအင်ဆန္ဒများ မလျော့သွားပဲ ပိုတိုးလာသည် ။ ကျွန်တော့်ပေါင်ပေါ်မှာပဲ လှုပ်ရှားနေတဲ့ကလေးရဲ့ခန္ဓာကိုယ် ။ အောက်နှုတ်ခမ်းလေးဖိကိုက်ထားတာမို့ မှဲ့ရေးရေးလေး ပိုပေါ်လာတတ်သည် ။

"အ့....ဟ့... ဂျွန်...

မရေရာတဲ့ညီးညူသံတွေ ... ကျွန်တော့်အကြောင်းနှောကျေနေသလို ကလေးပြုမူလာသည် ။

"ကလေး... ကိုယ်...

"အင်း သိတယ် သိတယ်"

ပြီးဆုံးသွားပြီဖြစ်တဲ့ခရီးလေးမှာ ကလေးကပုခုံးပေါ်မှီခိုလာသည် ။ ချွေးတွေထွက်နေပြီဖြစ်တဲ့မျက်နှာ ဖူးဖူးလေးကိုဆွဲယူရင်း နမ်းရှိုက်မိပြန်တော့ အလိုက်အထိုက်တုန့်ပြန်သည် ။

Oh Ophelia ✓Where stories live. Discover now