Ep (3)

862 73 9
                                    

Unicode......

ခါးထိရောက်နေတဲ့ကလေးဆံပင်တွေကို သေချာဖြောင်းဖြကာ တ၀က်ညှပ်ပစ်လိုက်သည် ။ကျောင်းတက်ရတော့မှာမို့သပ်သပ်ရပ်ရပ်ရှိနေစေချင်တာ ။ မျက်နှာနားဝဲကျနေတဲ့ဆံပင်လေးတွေကိုနားနောက်သိမ်းရင်း မှန်ထဲကြည့်နေတဲ့ကလေး ။ 

"ထယ် မလှတော့ဘူး"

တိုသွားပြီဖြစ်တဲ့သူ့ဆံပင်တွေကိုကြည့်လိုက် ငိုမဲ့မဲ့လုပ်လိုက်နဲ့ ကလေးကချစ်ဖို့ကောင်းပါသည် ။ 

"ကဲ ကြည့်ကောင်းပါတယ် လာဒီနားကို"

လှုပ်တုပ်တုပ်ဖြင့် ကျွန်တော့်အနားရောက်လာသည် ။ ကျောင်းအင်္ကျီအသစ်စက်စက်တို့ကလည်း ကလေးကိုယ်နဲ့ကွက်တိကျနေသည် ။ လိပ်ထားတဲ့ခြေအိတ်လေးကိုပြင်ရင်း ကလေးခြေဖဝါးနုနုကိုယူကာ စွတ်ပေးလိုက်သည် ။ ကျွန်တော်မလုပ်ပေးရင်ခြေအိတ်ကိုဟိုတဖက် ဒီတဖက်စွတ်တော့မှာ ။ ခေါင်းစီးကြိုးကွင်းလေးယူရင်း ကလေးဆံပင်ကိုသပ်ရပ်အောင်စီးပေးလိုက်သည် ။ 

"ဂျွန်လိုက်ခဲ့နော် ကြောက်တယ် တစ်ယောက်ထဲကျ မသွားချင်ဘူး"

"သူငယ်ချင်းတွေအများကြီးတွေ့ရမှာ ကြောက်စရာမလိုပါဘူး"

"သူတို့က ထယ်ကိုမခင်ချင်ရင်ရော"

"ချစ်စရာကလေးလေးကို မခင်ချင်ပဲနေမလား"

"ဟီးးးး...

လေးထောင့်အပြုံးတွေပေါ်အောင်ရယ်ပြလာသည် ။ ဒါကလည်းကလေးရဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံတစ်ခု ။ 

ခြေအိတ်လည်း၀တ်ပြီးသွားသလို ဖိနပ်လည်းစွတ်ပြီးပြီမို့ ထယ်ယောင်းကျောင်းသွားဖို့အသင့်ဖြစ်နေပြီ ။ ကျောင်းကားအဝါရောင်လေးကိုစောင့်နေတာမို့ ကလေးက ခြံအပြင်မှာလှုပ်တုပ်လှုပ်တုပ်လုပ်နေသည် ။ Omega တွေပဲရှိတဲ့ကျောင်းမို့ ကလေးအတွက် သိပ်စိတ်ပူစရာမလို ။ ကျွန်တော်က Alphaမို့ ကလေးက သူသိသင့်သည့်အရာများမမှတ်သားနိုင်မှာစိုးရိမ်လို့ ထားခဲ့တာ ။ 

ပြီးတော့... သူအရေးကြီးတဲ့ချိန်းတွေ့မှုတစ်ခုလုပ်ထားတာကြောင့်အပြင်ကိုအချိန်မှီသွားရဦးမည် ။ ကားပေါ်တက်သွားတဲ့ကလေးက ဂျွန်လိုက်ခဲ့ပါနော်ဆိုတဲ့စကားကိုမေ့ကာ ကျွန်တော့်ကိုတာတာ့ပြပြီး အေးအေးဆေးဆေးပင်ထွက်သွားလေပြီ ။ 

Oh Ophelia ✓Where stories live. Discover now