Part 1

694 35 10
                                    

" သမီးခင်နှင်း သမီးမောင်လေးရော"

"ရိူင်းလေး ဒီမှာ မေမေ"

"အော် သားကသူ့မမနားကပ်နေတာကို"

"မေမေ သား မမနဲ့ဆော့"

"ဟုတ်ပါပီကွယ် သမီးခင်နှင်း သားလေးဗီတာရောက်နေတယ်ကွဲ့"

"‌ရောက်လာပီလား သမီးသွားလိုက်အုန်းမယ်"

"တားတားလိုက် "

"ရိူင်းလေး လိုက်ချင်တာလား အဲ့ဆိုလာ မမချီမယ်"

"ချီ ချီ"

ခင်နှင်းထက် ရိူင်းလေးကိုချီကာ အောက်သို့ဆင်းလာခဲ့သည် ဧည့်ခန်းထဲမှာ ဗီတာကထိုင်စောင့်နေသည်

"နှင်း "

"ဘာကိစ္စရှိလို့လဲ ဗီတာ"

"ကိုယ့်သူငယ်ချင်းဆီ ကိုယ်လာတာဘဲကို "

"ဟုတ်ပါပီဟာ "

"ကိုကို "

"အယ် နင်မောင်လေးလား ချစ်စရာလေး "

ဗီတာအသဲယားစွာ ရိူင်းရဲ့ ပါးဖောင်းဖောင်းကို ညစ်လိုက်တော့ ငိုမဲ့မဲ့လေးဖြစ်သွားသည်

"အယ် ဘာဖြစ်လို့လဲ ညီလေးရဲ့"

"ကိုကို လူဆိုး "

"ကိုကိုက လူဆိုးမဟုတ်ပါဘူးကွာ လာပါအုန်း ကိုကိုဆီကို"

"လာဘူးး ဟွန့်"

နူတ်ခမ်းကြီး‌ဆူကာ ခင်နှင်းကို ဖက်ထားပီးမျက်နှာလေးဝှက်ထားတာ ချစ်စရာလေးပင်

"ချောကလက်စားမလား ပေါက်စ "

"စားမယ် "

"အဲ့ဆို ကိုကိုဆီလာ"

ရိူင်း ဗီတာဆီပြေးသွားလိုက်သည် ဗီတာကအနားရောက်လာတဲ့ ရိူင်းကို ပေါင်ပေါ်တင်ကာ ချောကလက်ဖောက်ပေးလိုက်သည်

"ကိုကိုက လိမ်မာတယ်"

"ခုနက လူဆိုးဆို အခုကျ လိမ်မာသွားပီပေါ့"

"ကိုကို ဆိုးဘူး"

"ဟားးဟားး ဟုတ်ပါပီ"

"ရိူင်းလေး မမဆီလာခဲ့"

"ပေါက်စနာမည်က ရိူင်းလေးလား"

"မဟုတ်ပါဘူး ဇော်ရိူင်းထက် အိမ်နာမည်လေ ရိူင်းလေးက"

"အေးပါဟာ မသိလို့မေးကြည့်တာ"

"အယ် ခနလေး နင်မျက်နှာမှာ အမိူက်ကြီး"

"ဟင် ဟုတ်လား ဖယ်ပေးအုန်း"

ခင်နှင်း ဗီတာမျက်နှာက အမိူက်ကိုဖယ်ပေးတော့ ရိူင်းက သသူမလက်အား ရိုက်လိုက်သည်

"အယ် ရိူင်းလေး ဘာလို့ မမကိုရိုက်တာလဲ"

" ကိုကို ကို့ ထိနဲ့"

"မမက အမိူက်ဖယ်ပေးတာပါ"

"ရဘူးး "

" ဟောဗျာ ဘာဖြစ်လို့လဲ ပေါက်စရဲ့ "

"ကိုကိုက သားအပိုင် "

"ဟုတ်ပါတယ် ကိုကိုက ရိူင်းလေးအပိုင်"

" ကိုကို သားကြီးလာရင် ကိုကို့ ကိုယူမယ်နော်"

"ဟင် ယူလို့မရဘူးလေ ပေါက်စရဲ့ ကိုကိုကယောက်ျားလေးလေ"

"သိဘူး သိဘူး သား ကိုကို့ကိုဘဲယူမှာ"

"ဟုတ်ပါပီဗျာ ယူပါ ကိုကို့က ပေါက်စအတွက်ဘဲဟုတ်ပီလား"

ဗီတာ ကလေးစိတ်ချမ်းသာအောင်ပြောလိုက်ပေမဲ့
ရိူင်းလေးကတော့ အတည်မှတ်လိုက်ပီ
_________________________________
တစ်ရက် တစ်ပိုင်းအပ်ပေးပါမယ်ရှင့်🤍

Love Story Where stories live. Discover now