Part 9

414 40 9
                                    

ဗီတာရိူင်းအိမ်ကနေပြန်လာပီးတော့ အခန်းထဲမှာ လှဲနေတုန်း
နှင်းပေးထားတဲ့စာအုပ်ကို သတိရကာ ရှာဖတ်တော့သည်

စာမျက်နှာ 1

ကိုကိုက အရမ်းကြည့်ကောင်းတာဘဲ ကိုကိုသာသားအပိုင်ဖြစ်ရင်အရမ်းကောင်းမှာဘဲ

စာမျက်နှာ 2

ကိုကိုက မမနဲ့တွဲနေပီတဲ့ ကိုကိုက ဂတိမတည်ဘူး

စာမျက်နှာ 3

ကိုကို ညမနဲ့ သားရိူင်းရည်းစားတွေဖြစ်သွားပီ အင်း ဟန်ဆောင်ရည်းစားပေါ့

စာမျက်နှာ 4

မမ နိင်ငံခြားကမကြာခင်ပြန်လာတော့မယ် ကိုကိုအရမ်းပျော်နေမယ်ထင်တယ်

စာမျက်နှာ 5

မမ ကမေးတယ် သားမှာချစ်ရတဲ့သူရှိပီလားတဲ့ ရှိတယ်လို့ပြောတော့ ဘယ်သူလဲမေးတယ် သားချစ်ရတဲ့သူက မမရဲ့ကောင်လေးဆိုရင်ရော မမသားကိုစိတ်ဆိုးသွားမှာလား

စာမျက်နှာ 6

ကိုကိုနဲ့ မမက စေ့စပ်တော့မယ်တဲ့ သားအတွက်မျှော်လင့်ချက်မရှိတော့ပါဘူး ကိုကိုရယ် နောက်ဆုံးတော့ လက်လွှတ်ရတော့မယ်

စာမျက်နှာ 7

ချစ်တယ် ကိုကို

ဗီတာ ရိူင်းရေးထားတဲ့ စာတိုလေးတွေဖတ်ပီး သူထက် ရိူင်းဟာ သူကိုပိုချစ်ကြောင်းသိလိုက်ရသည် ဗီတာလည်း သေချာဆုံးဖြတ်လိုက်သည် ရိူင်းကို ပိုချစ်မယ်ဆိုတာကို
တစ်ဖက်က ရိူင်းမှာလည်း အိပ်မရပေ နေ့လည်က မြင်ကွင်းကိုအခုထိမေ့ပျောက်မရပေ ကိုကိုက သူကိုတာဝန်အရယူတာဆိုရင်ရော ဘယ်လိုလုပ်မလဲ ထားပါတော့ အိပ်တာဘဲကောင်းတယ်

နောက်နေ့မနက်

"ရိူင်းလေးရေ မနက်စာစားကြရအောင်"

"ဟုတ် လာပီ မေမေ"

"လာ ထိုင်သားလေး စားနော် သားကြိုက်တာတွေ မေမေချက်ပေးထားတယ်"

"ဟုတ်ကဲ့ပါဗျာ အများရီးကို စားပစ်မှာ ဟီးဟီး"

ရိူင်းရဲ့ ချစ်စရာအမူရာလေးကြောင့် အကုန်ရီကြတော့သည်
ဒီလိုချစ်စရာကောင်းတဲ့ကလေးလေးကမကြာခင် အိမ်ထောင်သည်လေးဖြစ်တော့မယ်

"စားနော် သား "

"ဟုတ် မေမေ "

"သားရိူင်း ပီးပီလား "

"ပီးပီ ဖေဖေရေ "

"ကဲ သားအဖေခေါ်နေပီ နေအုန်းရော့ မုန့်ဖိုးယူသွားနော်"

"ရပါတယ် မေမေရဲ့ သားမှာ မုန့်ဖိုးတွေရှိပါသေးတယ်"

"ယူသွားပါ သားရဲ့ "

"မပီးသေးဘူးလား ဒီသားအမိတွေ ပြန်လာမှအလွမ်းသယ်ကြ"

"ဟုတ်ပါပီ သွားတော့ သားလေး သူအလွမ်းမသယ်ရတိုင်း သူများကိုပြောပီ "

"ဟာ မဟုတ်ပါဘူး ခင်ရယ် ကျောင်းနောက်ကျမှာဆိုးလို့လေ"

"အာဘွားနော် မေမေ တာ့တာ"

"တာ့တာ"

ဒေါ်ခင်အေးထက်သားတို့ကားထွက်မှ အိမ်ထဲသို့ဝင်သွားတော့သည်
________________________________
ကျောင်းသို့ရောက်သောအခါ

"တာ့တာ ဖေဖေ"

"ဖေဖေအပြန်ဝင်ကြိုရအုန်းမလား"

"မကြိုနဲ့တော့ ဖေဖေသား မိုးနဲ့တူတူပြန်လာမယ်"

"အေးပါကွယ် ဖေဖေပြန်ပီနော် "

"ဟုတ် တာ့တာဖေဖေ"

ရိူင်းကျောင်းဘက်ကိုလှည့်လိုက်တော့ လူတစ်ယောက်နဲ့ဝင်တိုက်သွားသည် ရိူင်းလန်ကြမလိုဖြစ်တော့ ကောင်လေးတစ်ယောက်က ရိူင်းခါးအားဖက်ကာ ထိန်းလိုက်သည်

"ဟင်"

"ဂရုစိုက်လေ ချာတိတ်ရဲ့"

"ဗျာ ဟုတ် ကျေးဇူးပါ"

"ချာတိတ်နာမည်ကဘာလဲ"

"ဇော်ရိူင်းထက်ပါဗျ"

"ကိုယ့်နာမည်က မျိုးကိုဝင်း "

"ဟုတ် "

"ကျောင်းတက်ရတော့မယ်မလား ဝင်တော့လေ "

"ဟုတ် "

ရိူင်းကျောင်းထဲကို ပြေးဝင်သွားသည် အနောက်ကလူရဲ့အပြုံးကိုတော့မမြင်သွားပေ

မျိုးကိုဝင်း ပြေးဝင်သွားသော ကောင်လေးအားအနောက်ကနေကြည့်ကာ

"မကြာခင်တွေ့ကြမယ် ချာတိတ် မင်းအတွက်စိတ်မကောင်းပါဘူး "

~~~~~~~~~~~~~~~~~~~~~~~~~~~
တိုသွားရင်တောင်းပန်ပါတယ် နောက်အပိုင်းမှအရှည်ကြီးရေးပေးမယ်နော်😘


Love Story Where stories live. Discover now