Part 12

456 32 7
                                    

"ရိူင်းလေး"

"ဗျာ "

"ရိူင်းလေးလက်ထပ်မဲ့ရက်ရွေးပီးပီ ရိူင်းဘက်ကအဆင်သင့်ဖြစ်ရဲ့လား အဆင်သင့်ဖြစ်ပီဆို ကိုကို ဖိတ်စာလုပ်လိုက်တော့မယ်"

"ဟုတ် အဆင်သင့်ပါဘဲ ကိုကိုရဲ့"

"ဟုတ်ပါပီဗျာ ကိုကိုဒီရက်ပိုင်းထဲမအားလောက်ဘူး မဂ်လာခန်းမရော ဖိတ်စာရော လုပ်ရအုန်းမှာ"

"ရိူင်းလည်း ဝိုင်းလုပ်ပေးမယ်လေ"

"မလိုပါဘူးဗျာ ကိုကိုတစ်ယောက်တည်းလုပ်နိုင်ပါတယ် ရိူင်းလေးကစာသာကြိုးစားပေး ဟုတ်ပီလား"

"ဟုတ် ကိုကို"

ပျော်ပါးနေတဲ့စုံတွဲလေးကို ဒေါသတွေနဲ့ကြည့်နေသောလူတစ်ယောက်ရှိနေသည် ထိုလူဟာ မဲ့ပြုံးပြုံးပီး

"နင်တို့ အေးဆေးနေရမယ်မထင်နဲ့ ငါလာပီ"

ထိုသူဟာ အဲ့စကားလေးပြောပီး ချက်ချင်းလှည့်ထွက်သွားသည်

"သွားရအောင် ခလေး ကိုကိုတို့ တစ်ခါထဲ ညစာပါဝင်စားလိုက်မယ် အပြင်မှာဘဲ"

"ဟုတ် ကိုကို အဲ့ဆို မမကိုဖုန်းဆက်ပီးပြောလိုက်အုန်းမယ်"

"အင်း ပြောပီးရင် ကားဆီလာခဲ့ ကိုကိုစောင့်နေမယ် ဟုတ်ပီလား"

"ဟုတ် ကိုကို"

ရိူင်း မမဆီဖုန်းဆက်ပီး ညစာအပြင်မှာဘဲစားမှာမို့ ပြောကာ ကိုကိုရှိရာဆီ ပြေးသွားတော့သည် ရိူင်းပြေးလာတာမြင်တော့ ဗီတာ ကားပေါ်ကနေ ပြေးဆင်းကာ

"ခလေး ဘာဖြစ်လို့လဲ အနောက်ကနေလူလိုက်လာလို့လား"

"မဟုတ်ပါဘူး ကိုကိုရ "

"အဲ့ဆို ဘာဖြစ်"

ကိုကိုက ရိူင်းနဲ့ပြောနေရင်း စကားရပ်သွားတော့ အနောကိမှာတစ်ယောက်ယောက်ပါတယ်ထင်လို ရိူင်းလှည့်ကြည့်တော့ တစ်ယောက်မှမရှိပေ

"ကိုကို "

"ဟင်"

"ဘာတွေကြည့်နေတာလဲ ကြောက်လာပီနော်"

"မကြောက်ပါနဲ့ လာပါ ကားထဲဝင်ရအောင် နောက်တစ်ခါမပြေးရဘူးနော် ခလေးနှလုံးက သိပ်ကောင်းတာမဟုတ်ဘူး "

"ဟုတ်ပါပီ ကိုကိုရဲ့ "

ရိူင်းအား တံခါးဖွင့်ပေးပီး ရိူင်းကားပေါ်တက်တော့မှ ဗီတာလည်း ကားပေါ်တက်ခဲ့သည် ကားပေါ်မတက်ခင် တိုင်တစ်ခုကိုစိုက်ကြည့်နေသည် ပီးတော့ တိုးတိုလေးပြောလိုက်သည်

"ရိူင်းကို သတ်ချင်ရင် ငါသေမှရမယ် မြိုင်"

ဗီတာကားကိုမောင်းထွက်လာခဲ့သည် ဗီတာအားထွက်သွားမှ
တိုင်နောက်ကနေ မိန်းမပျိုတစ်ဦးထွက်လာခဲ့သည်

"မောင်က အရင်ကအတိုင်းဘဲ ခန့်ချောကြီးကို မြိုင်ဖြင့် ပိုတောင်လုချင်လာပီမောင်"
_________________________________

တိုသွားရင် ခေါထို့နခ နောက်ပိုင်း အရှည်လေးရေးပေးမယ်နော်
ဗီလိန်က ဘယ်နှယောက်ဖြစ်မယ်ထင်လဲ🤫 ‌ဖြေခဲ့ကြည့်


Love Story Where stories live. Discover now