Part 11

419 27 5
                                    

"ရိူင်း ဇော်ရိူင်းထက်ရေ"

"ဘာလဲ အော်ခေါ်မနေနဲ့ ငါဒီမှာ"

"နင်ကလည်း"

မိုးသားအိမ်ထဲကိုမျက်စိနည်းနည်းကစားနေသည်

"ဘာလာရှာနေတာလဲ ငါ့အိမ်ထဲမှာ"

"နင့်မမ"

"ဘာ!"

"နင်ကလည်းဟာ နင်မမရှိလား"

"ရှိတယ် မီးဖိုချောင်ထဲမှာ"

"ဒီကနေသီချင်းဆိုရင်မီးဖိုချောင်ကိုကြားရလား"

"ကြားရတယ် ဘာလုပ်ဖို့လဲ"

"နင့်အမကိုလာပိုးတာ"

"နင်နော်သူ့မောင်ငါတစ်ယောက်လုံးရှေ့မှာလာပီးတော့"

"ဟဲဟဲ နင်ကလဲ ငါမှာဂီတာပါတယ် နင်တီးတတ်လား"

"မတီးတတ်ဘူး "

"အဲ့ဆို ငါဘဲတီးတော့မယ်"

"တီးဟာ လုပ် ဘာသီချင်းဆိုမှာလဲ"

"စိတ်ကူးယဉ်မင်းသား"

"အိုခေ စတော့"

~~~~

"ခဏလေး အစကဘာလဲသိလား"

"မသိဘူး နင်မရဘူးလား"

"ငါရတာအလယ်ပိုင်းဘဲရတာ ရှေ့ဆုံးမရဘူး"

"ဟင်းး ငါထုလိုက်ရင်တော့ "

"အော် သိပီသိပီ ဆိုမယ်"

~~~~ဒီကောင်ချစ်တာ ရင်ထဲကသိလား ~~~

ကျွန်တော်ဟာ မကို မျှော်လင့်ရမှာလား~~

~~စာရွက်ထဲမှာ ဘာရေးချရမလဲ

ကျွန်တော်သီချင်း‌ေတွ သက်ပြင်းချတတ်ပီ~~

~~~အိမ်မက်ထဲမှာ နှစ်ယောက်ထဲတွေ့ရမှာလား

ကျွန်တော်ဟာအချစ်ကိုလက်ဝါးဖြန့်နေတယ်~~~

~~အဝင်တစ်ခါ အထွက်တစ်ခါ ရူလိုက်တဲ့အသက်တိုင်း
ရှင်သန်ခြင်းဟာ မျှော်လင့်ခြင်းတစ်ခုနဲ့ ~~

~မမရဲ့အရှေ့မှာ ခေါင်းငုံခြေစုံရပ်ကာ~
~အသက်ဝိဉာဉ်မပီပြင်တဲ့ ကျနော်ကျောက်ရုပ်ဖြစ်နေ~~

ပြောဖို့ကြံစည်ထားတဲ့ စကားလုံးတွေပျောက်ဆုံးနေ
အသည်းနှလံုး‌ေတွတုန်ရီနေပီ~
~မရယ်ပါနဲ့မမရယ် ဒီကောင်ချစ်တာ ရင်ထဲကသိလား~

နှင်းမီးဖိုချောင်ကနေ ခိုးကြည့်နေသည် ဂီတာစတီးထဲက မောင်ကဂီတာတီးတာအရမ်းတော်တယ် တီးနေတဲ့ပုံစံလေးကဆွဲဆောင်မူရှိတယ် တစ်ဖြေးဖြေးမောင်ဟာ ကျမရဲ့ နှလုံးသားကို နေရာယူလာခဲ့တယ်

"ရိူင်း ငါမမဆီသွားလိုက်အုန်းမယ်"

"အေးအေး "

နှင်း မောင်လာတာမြင်တော့ အထဲကိုအမြန်ပြေးဝင်သွားသည် မောင်မီးဖိုချောင်ကိုရောက်တော့ မမက အရွက်ချွေနေသည် သူရဲ့ မမက အမြဲချစ်ဖို့ကောင်းနေသလိုပင် အိမ်နေရင်းအဝတ်လေးနဲ့တောင် လိုက်နေသလို

"မမ"

"အော် မောင်"

"မောင် သီချင်းဆိုတာကြားတယ်မလား"

"အဟင်းး ကြားပါတယ်"

"‌မမ မောင်က မိန်းမသားဆိုပေမဲ့ မမကိုတစ်ကယ်ချစ်တာပါ
မမကို ယုံကြည်စေချင်တယ် ‌မမ"

"ဟင် "

"မမကိုချစ်တယ်"

"အို....."

"ရှက်မနေပါနဲ့ ရှက်နေတာလေးတောင်ချစ်ဖို့ကောင်းလို့ မောင်ဆွဲနမ်းးမိတော့မယ်သိလား"

"အယ် မောင်နော်"

"မမက မောင်နော်လို့သာပြောလိုက်တာ မောင်ကိုတစ်ကယ်ရူးလောက်စေတယ်သိလား "

"အပြောကတော့ တစ်ကယ်ကြွယ်တာဘဲ"

"တစ်ကယ်ပြောနေတာပါဗျာ မမကိုစိတ်မချဘူးသိလား"

"ဘာဖြစ်လို့လဲ"

"မမက အမြဲလှနေတာကို မောင်စိတ်မချဘူး"

"ဒီမယ် တို့မင်းကိုအဖြေတောင်မပေးရသေးဘူးနော်"

"ဟုတ်ပါပီဗျာ မောင်စောင့်နေမယ်နော် မမ"

"အင်းပါ"

"မမ မောင်ပြန်တော့မယ် နောက်မှလာလည်မယ်နော်"

"ဟုတ်ပါပီ ဂရုစိုက်ပြန်နော်"

"ဟုတ် မမ "

ပြွတ်

မိုးသား နှင်းအား ပါးကို အမြန်နမ်းကာပြေးထွက်သွားသည် နှင်းကတော့ ‌မိုးသားနမ်းသွားတဲ့ ပါးလေးကိုကိုင်ကာ ရှက်နေပါတော့သည်
________________________________
မကြာခင် မုန်တိုင်းတွေလာတော့မယ်နော်🤫

Love Story Where stories live. Discover now