Part 13

452 33 9
                                    

"ချာတိတ်"

"ဟင်"

ရိူင်းလှည့်ကြည့်လိုက်တော့ လူကြီးတစ်ယောက်

"ဘာတွေငေးနေတာတုန်း ချာတိတ်"

"ဒီက လူကြီးက ကျွန်တော်ကိုသိလို့လား"

"ဟိုတစ်ခေါက်ကဝင်တိုက်တဲ့လူကြီးပါဗျာ မှတ်မိရဲ့လား ချာတိတ်"

"သိဘူး"

"Ok Ok ရပီကိုယ်ပြန်မိတ်ဆက်မယ် ဟုတ်ပီလား ကိုယ့်နာမည်က မျိုးကိုဝင်း "

"အော် သိပီ"

"တော်သေးတာပေါ့ သိသေးလို့"

"ကိုမျိုးကိုဝင်းက ကျွန်တော်ဆီဘာလာလုပ်တာလဲ"

"ဒီတိုင်း သတိရလို့"

"ဟင်"

ကျောင်းဝင်းထဲ ကားတစ်စီးဝင်လာသည် ထိုကားသည် ဗီတာကားဖြစ်သည် မျိုးကိုဝင်း ဗီတာကားအားမြင်တော့ မဲ့ပြုံးပြုံးလိုက်သည်

"ချာတိတ် "

"ဗျာ"

မျိုးကိုဝင်း ရိူင်းရဲ့ ဆံပင်လေးအားသပ်ပေးလိုက်သည် ရိူင်းကတော့ကြောင်ကြည့်နေမိသည် ဗီတာက မြင်တော့ ဒေါသတကြီး လာပီး မျိုးကိုဝင်းအားထိုးလိုက်သည်

"ခွပ် မင်းကဘာကောင်လဲ "

"အာ့"

"ဟင် ကိုကို"

"ရိူင်း အဲ့ကောင်ကဘယ်သူလဲ မင်းရဲ့ဆံပင်ကိုဘာလို့သပ်ပေးနေရတာလဲ"

"မဟုတ်..."

"ချာတိတ် ကိုယ်သွားတော့မယ် နောက်မှထပ်တွေ့ကြတာပေါ့"

"တောက်စ် ဒီကောင်ကတော့ ရိူင်း အဲ့ကောင်ကဘယ်သူလဲလို့ငါမေးနေတယ်"

"ကိုကို ဘာလို့ရိူင်းကို အော်နေရတာလဲ"

"အခုချိန်မှာ အဲ့တာကအရေးမကြီးဘူး အဲ့ကောင်ဘယ်သူလဲ"

"ဟို သူနာမည်က မျိုးကိုဝင်းတဲ့ "

"ရိူင်းနဲ့အရမ်းရင်းနှီးလို့လား"

"မရင်းနှီးပါဘူး ဟိုတစ်ခါက ဝင်တိုက်မိတဲ့လူကြီးပါ"

"ဟင်းးး ရိူင်း ကိုယ်ပြောမယ် အဲ့လူနဲ့အရောမဝင်နဲ့ ကိုယ်မကြိုက်ဘူး အခုကျောင်းထဲဝင်တော့"

"ဟုတ် ကိုကို"

ရိူင်းကျောင်းထဲဝင်သွားတာကိုကြည့်ပီးမှ ဗီတာပြန်လာခဲ့သည်
_________________________________
ဗီတာကုမ္မဏီရောက်တာနဲ့ ကိုခန့်ကပြေးကြိုတော့သည်

"ဘောစ့် ရောက်ပီလားဗျ"

"အင်း ကိုခန့် ကျွန်တော်ခိုင်းစရာရှိတယ် "

"ဟုတ် ခိုင်းပါ ဘောစ့်"

"မျိုးကိုဝင်းဆိုတဲ့သူကို စုံစမ်းပေး"

"အမ် "

"ဘာဖြစ်လို့လဲ"

"ဟို ပုံစံမသိဘဲ ကျွန်တော်ဘယ်လိုစုံစမ်းရမှာလဲ"

"‌အင်း ဟုတ်သားဘဲ နောက်တစ်ခါ ကျွန်တော်ရိူင်းကိုသွားကြိုရင် ကိုခန့်လိုက်ခဲ့"

"ဟုတ်ကဲ့ ဘောစ့်"

ဗီတာရုံးခန်းမှာထိုင်ပီးမျိုးကိုဝင်းအကြောင်းစဉ်းစားနေသည်

*မျိုးကိုဝင်းကကျောင်းကသူငယ်ချင်းလည်းမဟုတ်ဘူး နှင်းနဲ့သိတာလား မဟုတ်ရင် ဘယ်သူနဲ့သိတာလဲ ရိူင်းကိုဘာလို့လာပတ်သတ်ရတာလဲ ကျစ် *

"ကိုခန့် "

"ဗျာ"

"ကျွန်တော်ကို ကော်ဖီတစ်ခွက်လောက်"

"ဟုတ် ဘောစ့်"

ခနကြာ ကိုခန့်ကော်ဖီယူလာတာသောက်ပီး အလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်

~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ပိုင်းနည်းနည်းမှောင်မယ်နော် ရတယ်မလား👀

You've reached the end of published parts.

⏰ Last updated: Jun 17 ⏰

Add this story to your Library to get notified about new parts!

Love Story Where stories live. Discover now