Part 10

379 35 2
                                    

"နှင်း"

"ကို အယ် ဗီတာ"

"ဘာလာလုပ်တာလဲနှင်း"

"မေမေလာယူခိုင်းတာလာယူတာ"

"‌အင်းပါ"

"နင်ကရော ဘာလာလုပ်တာလဲ ဒီကို"

"ပေါက်စအတွက်ညလက်စွပ်လာလုပ်တာလေ သူ့အတွက်သီးသန့်ပေးချင်လို့"

နှင်း ဗီတာကိုင်ထားတဲ့လက်စွပ်ဘူးလေးကိုကြည့်ကာ

"ရိူင်းလေးက ကံကောင်းတာပေါ့ နင်ကိုယ်တိုင်ပေးချင်တဲ့အရာရတာ"

"ငါ..."

"ထားပါ ငါတို့တစ်နေရာမှာထိုင်ပီးစကားအေးဆေးပြောရအောင်"

"သွားကြမယ်လေ "

ကော်ဖီဆိုင်တစ်ခုတွင်

"ရိူင်းလေးနေရာမှာ တစ်ခြားမိန်းကလေးဆို နင်ကိုကော အဲ့ကောင်မလေးကိုရော ပါးရိုက်မိမှာ "

"ငါသိပါတယ်ဟာ "

"ဗီတာ "

"ပြောလေ"

"ငါမောင်ကိုသေချာဂရုစိုက်ပေးရမယ်နော် နင်ဖြစ်နေလို့ နင်လက်ထဲသေချာထည့်ပေးတာ"

"အေးပါဟာ ငါဂရုစိုက်ပါတယ်"

"မြိုင်ပြန်လာပီ‌ပြောတယ်"

"ဟင်"

"နင်ကိုကြိုက်ခဲ့တဲ့ မြိုင် ပြန်ရောက်နေပီတဲ့ ငါတစ်ခြားမစိုးရိမ်ပေမဲ့ နင်သိလား ငါအခုထိ မြိုင်ပြောခဲ့တာကိုသတိရနေတုန်းဘဲ နင်လက်ထပ်ရမဲ့သူက တစ်ချိန်မှာ မြိုင်ဖြစ်ရမယ်ဆိုပီးသူမဟုတ်ခဲ့ရင် အလွတ်မပေးဘူးတဲ့ ငါမောင်ကို ငါစိုးရိမ်တယ် ဗီတာ"

"ရိူင်းကို ငါသေချာစောင့်ရှောက်မှာပါ "

"ငါနင်ကိုယုံကြည်ပါတယ် ငါမယုံတာမြိုင် ငါ နင်နဲ့တွဲတုန်းက မြိုင် ငါကိုအမြဲခြောက်လှန့်နေတာ နင်ရှိနေပေးလို့ သူဘာမှသိပ်မလုပ်တာ "

"ငါနာလည်ပါတယ် ရိူင်းကိုအထိခိုက်မခံနိုင်ဘူး မြိုင်သာ ရိူင်းကိုထိရင် သူဘဝဘယ်လိုဖြစ်သွားမလဲဆိုတာ ပြပေးလိုက်မယ်"

"အေးပါ နင်တို့မဂ်လာရက်ရွေးပီးပီလား"

"မသိသေးဘူး မေမေနဲ့ အန်တီရွေးတုန်းတဲ့ ပီးတော့ ရိူင်းက ကျောင်းမပီးသေးဘူး ငါ့ကြောင့်သူဘဝတက်လမ်းပိတ်သွားမှာလည်းဆိုးတယ်"

"အေးပါ အဲ့ဆိုငါပြန်တော့မယ်"

"ခနလေး နှင်း"

"ဘာလဲ"

"ငါ့ညမက နင်ကိုကြိုက်နေတာ နင်သိတယ်မလား"

နှင်းမျက်နှာလေးရဲသွားသည် သူမမသိချင်ယောင်ဆောင်ထားတာကို ဗီတာက ပြောလိုက်တော့ သူမရှက်သွားတယ်

"မဟုတ်တာ ဘာတွေပြောနေတာလဲ"

"နှင်းရာ မသိ‌ချင်ယောင်ဆောင်နေတာမလား နင်"

"မဟုတ်ပါဘူးဆို"

"အဲ့ဆိုသိတယ်ပေါ့"

"သိတယ်ဟာ ရပီလား"

"ငါ့ညမကိုစဉ်းစားပေးလိုက်ပါ သူကဘယ်သူကိုမှအတည်ချစ်ဖူးတာမဟုတ်ဘူး နင်ကိုတစ်ကယ်ချစ်တာပါ ကိုယ့်ညမမို့ ဘက်လိုက်တာမဟုတ်ဘူး"

"ငါစဉ်းစားလိုက်ပါအုန်းမယ်"

"အကြာကြီးလည်းစဉ်းစားမနေနဲ့ ငါ့ညမနားမှာ ကောင်မလေးရောကောင်လေးရောဝိုင်းဝိုင်းလည်နေတာ"

နှင်းအနည်ငယ်သဝန်တိုစိတ်လေးဝင်သွားသည်

"အဲ့တော့ဘာဖြစ်လဲ ငါသွားပီ"

နှင်းထွက်သွားတာကို ဗီတာပြုံးပီးသာကြည့်နေလိုက်သည်
သူတို့ကို ဓာတ်ပုံရိုက်နေတဲ့လူတစ်ဦးရှိနေတာကိုတော့ မသိခဲ့ကြ ရှေ့ဆက်ဖြစ်လာမဲ့အရာကို ဘယ်သူမှမမြင်နိုင်ကြပေ
________________________________
ဗီလိန်တစ်ယောက်ထည့်‌ထားတယ်နော် နှင်းရဲ့မိုးသားမောင်အပေါ်ထားတဲ့စိတ်တွေပေါက်ထွက်လာတော့မလား ရိူင်းနဲ့ဗီတာရဲ့မဂ်လာပွဲဖြစ်လာပါ့မလား နော်

Love Story Where stories live. Discover now