Part 8

440 36 4
                                    

နှင်းထက် ကြည့်နေသောပုံတွေက ဗီတာပုံတွေ ဗီတာရီနေတာကိုရိုက်ထာတဲ့ပုံတွေရော နောက်ကျောပုံတွေရော ရိူင်းရေးထားတွေဖတ်တော့ ရိူင်းဟာ ဗီတာကို ငယ်ငယ်ထဲက ချစ်နေတာဘဲ အဲ့တာကြောင့် နှင်းတို့စတွဲတာကိုပြောတော့ သောင်းကျန်းတာကို ရိူင်းက သူမဆီကလုယူခဲ့တာမဟုတ်ဘူး
သူမကသာ ရိူင်းဆီကနေလုယူခဲ့တာကို သူချစ်ရတဲ့လူက နှင်းနဲ့ရှိနေတာကို ရိူင်းနေ့တိုင်းမြင်နေရတာ သူဘယ်လောက်တောင်နာကျင်နေလိုက်မလဲ 

"ဒေါက် ဒေါက် "

နှင်းမျက်ရည်တွေကိုချက်ချင်းသုတ်လိုက်ပီး ဝင်လာခိုင်းလိုက်သည်

"သမီး မောင်လေးကိုလွမ်းလို့လား"

"ဟုတ် မေမေ မကြာခင် ရိူင်းလေးက အိမ်ထောင်ကျတေုာ့မှာ
မကြာခင် သမီးတို့ဆီကနေခွဲထွက်သွားရတော့မှာ"

"သမီးရယ် သားလေးအိမ်ထောင်ကျသွားလည်း မေမေတို့ဆီလာလည်လို့ရတာဘဲ မဟုတ်လည်း သမီးသွားလည်လို့ရပါတယ်ကွယ် "

"မေမေ သမီးလေ သူများအပိုင်ကို လုယူသလိုဖြစ်သွားတယ်
3နှစ်တောင် သူများအပိုင်ကို လုယူခဲ့တယ် "

"ဘာကိုလဲ သမီးရဲ့ "

"ဟင့်အင်း ဒီတိုင်းလေးဘဲသိထားပေးပါ မေမေရယ် သမီးပြောဖို့ အားအင်လည်းမရှိတော့ဘူး "

"အေးပါကွယ် ဘာမှဝမ်းမနည်းနဲ့နော် သမီးလေးဆီမှာ မေမေကော ဖေဖေကောရှိသေးတယ် သမီးလည်းကောင်းတဲ့သူနဲ့တွေ့မှာပါ"

"မေမေ သမီး ယူမဲ့သူက မိန်းကလေးဖြစ်နေခဲ့ရင်ရော"

"ယောက်ျားနဲ့မိန်းမက သဘာဝဆိုပေမဲ့ မေမေတို့အတ္တမကြီးပါဘူးသမီးရဲ့ ကိုယ့်အတ္တကြောင့် ကိုယ့်သားသမီး ဝမ်းနည်းသိမ်ငယ်နေတာလည်း မေမေမလိုချင်ဘူး သားလေးယောက်ျားယူသွားတာကို ဝမ်းနည်းပေမဲ့ သားလေးသာပျော်ရင် မေမေကျေနပ်တယ် အဲ့လိုဘဲ သမီးချစ်တဲ့သူက ယောက်ျားဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် မေမေတို့ကလက်ခံတယ် သမီးတို့‌ဖက်မှာ ဘယ်သူမှမရှိခဲ့ရင်တောင် မေမေတို့ရှိတာကို အမြဲသတိရပေး ဟုတ်ပီလား"

"ကျေးဇူးပါ မေမေ ဖြစ်တည်မူတိုင်းကိုလက်ခံပေးလို့"

သားအမိနှစ်ယောက်ဖက်ထားတာကို အခန်းပြင်က အဖေဟာ ခနသာကြည့်ပီးလှည့်ထွက်သွားသည် အဖေတစ်ယောက်ရဲ့ရင်ထဲမှာလည်း အပူမီးတွေရှိပါသေးတယ်
_________________________________
1ပတ်ခန့်ကြာသောအခါ

Love Story Where stories live. Discover now