Part 5

383 30 6
                                    

"ကို "

"ဗျာ"

"ဘာလိုလိုနက် နှင်းတို့တွဲတာတောင် 3နှစ်ပြည့်တော့မယ်နော်"

"ဒါပေါ့နှင်းရဲ့ 3year anniversary လက်ဆောင် ဘာလိုချင်လဲ"

"ဟင့်အင်း ဘာမှမလိုချင်ပါဘူး ကိုရှိနေရင်ရပါပီ"

"အချွဲလေးပါကွာ နှင်းက "

"‌အယ် မေ့တော့မလို့ မေမေက အိမ်ကိုလာလည်ပါအုန်းတဲ့ "

"ဟုတ်လား အဲ့ဆို အပြန်တစ်ခါထဲ ဝင်လည်လိုက်မယ်လေ နှင်းရဲ့ မောင်လေးရော ရှိလား"

"ရှိပါတယ် ရိူင်းက သူသင်တန်းကဒီနေ့ပိတ်တယ်လေ ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး မေးကြည့်တာ"

"အင်းပါ ဟုတ်ပါပီ"

ဗီတာလည်း နှင်းနဲ့တူတူ အိမ်ကိုလိုက်လာခဲ့သည်

"မေမေရေ "

"ဟေ"

"သမီးတို့လာပီ"

"ဟယ် သားလေးလည်း ပါတာကိုးး လာထိုင်သားလေး"

"ဟုတ် အန်တီ နေကောင်းရဲ့လား"

"ကောင်းပါတယ်ကွယ် သား ထမင်းစားသွားနော်"

"ရပါတယ်ဗျ အားနာစရာကြီး"

"မလိုပါဘူးကွယ် အားနာစရာလိုလို့လား"

"ဟုတ်ကဲ့ အန်တီ"

"အေးအေး ‌အေးရီရေ သားငယ်လေးကို သွားခေါ်လိုက် ထမင်းစားရအောင် "

"ဟုတ်ကဲ့ မေမေကြီး"

အေးရီတက်ခေါ်ပီးမကြာ ရိူင်းဆင်းလာသည် ရိူင်းဆင်းလာတာကို ဗီတာက အကြည့်လွှဲလိုက်တော့ ရိူင်းဟာ ဘောင်းဘီတိုနဲ့ ပေါင်တံဖြူဖြူလေးတွေကို ဗီတာကြည့်ရင်း တံတွေးမျိုချလိုက်သည် ရိူင်းကတော့ ဗီတာကြည့်နေတာကိုမသိ သူ့အမေနဲ့သာ စကားဆက်ပြောနေသည် ဗီတာလည်း နှင်းခေါ်မှ သတိဝင်လာရသည်

"လာ သားနဲ့ သမီး သားငယ်ရော လာလေ ထမင်းစားကြမယ်"

"ဟုတ် အန်တီ "

ရိူင်းက ဗီတာနဲ့ မျက်နှာချင်းဆိုင်ထိုင်သည်

"သားကိုခေါ်တာ အထူးတော့မဟုတ်ပါဘူးသားရယ် "

"ဟုတ် အန်တီ"

"သားနဲ့ သမီးလည်း တွဲတာ3နှစ်ပြည့်တော့မယ်မလား အဲ့တာကြောင့် အန်တီသမီးက မိန်းကလေးရှင်လေ စေ့စပ်ထားမလားလို့ပါ သားရဲ့"

"ဗျာ "

"အဟွတ်ဟွတ်"

"အယ် ရိူင်းလေး ဖြေးဖြေးစားပါ သီးကုန်ပီ ရော့ ရေလေးသောက်လိုက်အုန်း"

"ဟုတ် မမ "

ရိူင်း နှင်းထက် ပေးတဲ့ရေကို သောက်ပီး ဗီတာအား ကြည့်နေသည် ကိုကိုဖြေမဲ့ အဖြေကိုစောင့်မျှော်ရင်း
ဗီတာလည်း ဘာလုပ်ရမှန်းမသိတော့ အန်တီရော နှင်းရော ရိူင်းရောက သူကိုကြည့်နေကြသည် ရိူင်းမျက်နှာ မကောင်းတော့တာကို ဗီတာသတိထားမိတယ် ဒါပေမဲ့ သူဘာဆက်လုပ်ရမလဲ

"ကျွန်တော် "

နှင်း ဗီတာကိုကြည့်တော့ အခက်တွေ့နေတဲ့ပုံပင်

"မေမေ သမီးမစေ့စပ်ချင်သေးဘူး ပီးတော့ ကို လည်း အဆင်သင့်မဖြစ်သေးဘူး သမီးလည်းအဆင်သင့်မဖြစ်သေးဘူး "

"အေးပါ သမီးသဘောဘဲ"

"ဟုတ် "

"ကဲကဲ ဆက်စားကြတော့"

ဗီတာလည်း စားပီးသာနဲ့ ပြန်လာခဲ့သည် ရိူင်းကတော့ အခန်းထဲတန်းဝင်သွားသည် သူကိုတောင်မနူတ်ဆက်ပေ နှင်းကတော့ ကားရှေ့ထိ လိုက်ပို့ပေးသည် သူဘာဆက်လုပ်ရမလဲမသိတော့ပေ

~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ပိုင်းဘာဖြစ်မလဲနော်😶‍🌫️ ဘာဖြစ်မလဲ ဖြေခဲ့ကြအုန်း

Love Story Where stories live. Discover now