"ကိုခန့်"
"ရိူင်းလေး လာပီလား"
"ဟုတ် ကိုခန့် "
"ဘာသောက်မလဲ မှာလေ ရိူင်း "
"တော်ပီ ကိုခန့် မိုးနဲ့ ခုလေးတင် တွေ့ပီးလာခဲ့တာဆိုတော့ စားပီးသွားပီ"
"အော်အင်းပါ အဲ့တာဆို...."
"အလုပ်ကိစ္စလေးဘဲ ဆက်ပြောကြမလား ကိုခန့် ကျွန်တော် အချိန်သိပ်မရလို့"
"အင်းပါ ရိူင်းသဘော "
ရိူင်းနဲ့ ကိုခန့် အလုပ်ကိစ္စဆက်ဆွေးနွေးကြသည် ရိူင်းကို ကိုခန့်ခနခန ခိုးကြည့်တာသိပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်သည် 1နာရီလောက်ကြာတော့ အလုပ်ကိစ္စဆွေးနွေးပီးတော့ ပြန်ခဲ့ကြသည် ဆိုင်အဝမှာ
"ကိုယ် လိုက်ပို့ရမလား ရိူင်းလေး"
"မပို့နဲ့တော့ ကိုခန့် ကျွန်တော်ဘာသာဘဲပြန်လိုက်ပါမယ်"
"ရိူင်းလေးက ကိုယ်ပြောသမျှတွေကိုအကုန် ငြင်းနေတော့တာဘဲ"
"အာ.....မဟုတ်ပါဘူး "
"ခလေး "
"ဟင်"
ရိူင်းလှည့်လိုက်တော့ ဗီတာပင်
"ခလေးကို လာကြိုတာ"
"ဗျာ "
"လမ်းကြုံနေတာဘဲကို တစ်ခါထဲလိုက်ခဲ့လေ"
"ရပါတယ် ကိုဗီတာ ကျွန်တော် ကိုခန့်နဲ့ဘဲပြန်လိုက်တော့မယ် အလုပ်ရူပ်နေပါအုန်းမယ်"
"ခလေး ကိုယ်လိုက်ပို့ပေးပါမယ်ဆိုကွာ"
"ဒီက အကိုလားညီလားတော့မသိဘူး ရိူင်းလေး ကမလိုက်ချင်တာကိုအတင်းမခေါ်ပါနဲ့လား ကျွန်တော်ဘဲပြန်လိုက်ပို့လိုက်ပါမယ်"
"ကျစ် ပီးတာဘဲ"
ဗီတာ ဒေါသထွက်ထွက်နဲ့ ကားဆီပြန်လာခဲ့ရသည် ကားပေါ်ကနေကြည့်လိုက်တော့ ရိူင်းဟာ ဟိုကောင်ဖွင့်ပေးတဲ့ကားပေါ် တက်သွားသည် ရိူင်းတို့ကားထွက်သွားမှ သူလည်းပြန်လာခဲ့တော့သည်
တစ်ပတ်ခန့်ကြာသောအခါ
လေဆိပ်တစ်ခုတွင်
ဗီတာ လူလာကြိုတာ အခုထိပေါ်မလာသေးပေ လေယာဉ်ဆိုက်နေပီကို ကြာလိုက်တာကွာ ခနကြာ အော်သံတစ်ခုကြားရတယ် ထိုအော်သံက