🍥3🍥

2.1K 151 35
                                        


Unicode

"ထယ်ယောင်း...ထယ်ယောင်း သား...ထတော့လေ..."

အခန်းတံခါးအား မရပ်မနားခေါက်ကာပြောနေသော မေမေ့ကြောင့် ပွစိပွစိပြောကာ အိပ်ယာမှ ကုန်းရုန်းထပြီး...ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးပြီး ကျောင်းဝတ်စုံဝတ်ကာ အိမ်အောက်ထပ်သို့ဆင်းလာလိုက်သည်။

မေမေက ပေါင်မုန့်ကြက်ဉကြော်နဲ့ နွားနိုးတစ်ခွက်လုပ်ပေးထားတာကြောင့် မေမေလုပ်ပေးတာကိုစားကာ အိမ်ရှေ့သို့ထွက်လာတော့ မျက်နှာချင်းဆိုင်အိမ်က ထြက္လာတဲ့ ဂျောင်ဂုကြောင့် လှပတဲ့မနက်ခင်းလေးက အကျည်တန်သွားရသည်။

ထယ်ယောင်းကို တွေ့တော့ဂျောင်ဂုအမေက သူ့သားလက်ကိုဆွဲကာ ထယ်ယောင်းရှေ့ရောက်လာသည်။

"မဂ်လာနံနက်ခင်းလေးပါ အန်တီ..."

"သားလေး ဟာရင်းရော..."

"ငါလာပြီ ဂျောင်ဆိုးရေ...ငါလာပြီ..."

"ဟာရင်း နင့်ကျေးဇူးကြောင့် ဒီအိမ်လေးဝယ်လို့ရသွားပြီ ငါကလုံချင်းအိမ်ကို ခြံကြီးနဲ့နေချင်တာ နင်စပ်ပေးလုပ်ရသွားပီ ကျေးဇူးတင်ပါတယ် ဟာရင်း..."

"မလိုပါဘူး ငါလဲအိမ်ရှေ့အိမ်ကရောင်းမယ်ဆိုတာနဲ့ နင်ပြောတာလေသတိရလို့ ဖုန်းဆက်လိုက်တာတော်ပါသေးရဲ့..."

"ဟုတ်ပါရဲ့ ငါတို့အိမ်နီးချင်းတွေဖြစ်သွားပြီ ပျော်စရာကြီးနော်သား..."

ဂျောင်ဂုအမေက သူ့သားကိုပါလှမ်းမေးသည်။

ဂျောင်ဂုကဘာမှပြန်မဖြေပဲ ခေါင်းသာညိမ့်ပြသည်။

"သားထယ်လေး ညီလေးကို ကျောင်းမှာဂရုစိုက်ပေးပါဉီးနော်...တူတူထိုင်တာဆို..."

"ဟုတ်...ဟုတ်ပါတယ် အန်တီ ကျွန်တော်ဂရုစိုက်ပါတယ်..."

ထယ်ယောင်းမျက်ခုံးပင့်ကာ ဂျောင်ဂုကိုကြည့်ကာပြောသည်။

မိဘတေွကငယ်ငယ်က ကိစ္စကိုမေ့ထားကျပေမဲ့ ကလေးနှစ်ယောက်က မမေ့နိုင်ပဲ ရန်ညှိုးတွေရှိနေကြသည်။

" ဂျောင်ဆိုး နင်လာမယ်လို့ထင်နေလို့ မုန့်လုပ်ထားတယ် မနက်စာဒီမှာပဲစားသွားပါလား..."

♡Falling in love ♡(Completed )Where stories live. Discover now