Unicode
"နားထောင်ကလေးတို့..."
ဆရာကအတန်းထဲဝင်လာသောကြောင့် ဆူညံနေတဲ့အခန်းလေးမှာ တိခနဲငြိမ်သက်သွားသည်။
"အထက်တန်းဒုတိယနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကြီးလာတော့မှာမလို့ စာသေချာလုပ်ကြကလေးတို့ မနက်ဖြန်ကျ ကေျာင်းလေ့လာရေးခရီး ထွက်ရမယ် အဲ့ဒါပြီးတာနဲ့ စာမေးပွဲရှိတာမို့ ဆရာကလာပြောတာ စာသေချာလုပ်ကြဟုတ်ပြီလား..."
ဆရာအခန်းထဲကထွက်သွားတာနဲ့ ဆရာကစာလုပ်ဆိုတဲ့အကြောင်းကို မသိချင်ယောင်ဆောင်ကျကာ သူတို့ထွက်ရမဲ့ခရီးအတွက် အချင်းချင်းစိတ်လှုပ်ရှားစွာစကားပြောနေကြသည်။
ထိုထဲတွင် ထယ်ယောင်းလဲ အပါအဝင်ဖြစ်ကာ ဘေးကဂျီမင်းနဲ့ စကားတွေ တတွတ်တွတ်ပြောကာ အတန်းလေးက ပုံမှန်ထက်ဆူညံနေသည်။
ဂျောင်ဂုလဲ ဘေးက ထယ်ယောင်းကသူ့အစီအစဉ်ကို ဂျီမင်းနဲ့သူ့အားပြောပြနေသောကြောင့် နားထောင်နေတုန်း...။
"ဂျောင်ဂု..."
ဂျောင်ဂုအနားရောက်လာသော ဟာမီး ...။
ထယ်ယောင်းနဲ့ဂျီမင်းလဲ ဂျောင်ဂုစီရောက်လာသော ေကျာင်းသားအသစ်ဟာမီအား ကြည့်နေလေသည်။
"ဆရာပြောတဲ့ ခရီးကိုနင်လိုက်မှာလား ဂျောင်ဂု..."
"ထယ်ယောင်း မင်းသွားမှာမလား..."
ရုတ်တရက် သူ့အားလှမ်းမေးသော ဂျောင်ဂုကြောင့် ထယ်ယောင်းခေါင်းညိမ့်ပြလိုက်ကာ...။
"အင်းသွားမှာလေ..."
" အင်းငါလဲသွားမယ် ဟာမီး..."
"နင်လိုက်လို့ တော်ပါသေးရဲ့ ငါကကျောင်းသားအသစ်ဆိုတော့ နင်တို့ကလွဲဘယ်သူ့မှနဲ့မသိလို့လေ...ဘာပဲဖြစ်ဖြစ်နင်လိုက်လို့တော်ပါသေးရဲ့..."
"အော်..."
"အအေးနင့်အတွက် ဂျောင်ဂုကောင်းကောင်းသောက်ပါ..."
ဟာမီးက ဂျောင်ဂုစားပွဲပေါ် အချိုရည်ဘူးလေတင်ကာ သူမနေအား သူမအပြေးသွားကာ သူမခုံပေါ်ရောက်တော့အနောက်လှည့်ကာ မျက်နှာရဲရဲလေးဖြင့် အအေးသောက်လိုက်ဖို့လုပ်ပြသည်။
YOU ARE READING
♡Falling in love ♡(Completed )
Lãng mạnTaekook Kim Taehyung ×Jeon jungkook Start date-27.4.2024 End date-15.5.2024 Top-Jeon Jungkook Bottom -Kim Taehyung
