Unicode
ထယ်ယောင်းတစ်ယောက် ညနေ၆နာရီသာရှိသေးသော်လည်း ဂျောင်ဂုကစာလာသင်ပေးမယ်ဆိုတာကြောင့် စားပွဲခုံပုလေးရှေ့တွင် စာအုပ်တွေပုံထားတာကာ ဂျောင်ဂုအလာအားစောင့်နေရင်း
စားပွဲခုံပုံမှောက်နေရင်း အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားသည်။
ဂျောင်ဂု ထယ်ယောင်းကိုစာသင်ဖို့လွယ်အိတ်လွယ်ကာ လာတော့ စားပွဲခုံပေါ်တွင်မှောက်အိပ်နေတဲ့ထယ်ယောင်းကြောင့် အခန်းထဲခြေသံမကြားရအောင်ဝင်ကာ ထယ်ယောင်းအရှေ့တွင်ထိုင်လိုက်ပြီး ထယ်ယောင်းမျက်နှာအားစိုက်ကြည့်နေမိသည်။
နှာတံချွန်ချွန်လေးထိပ်မှာ မှဲ့လေးနဲ့ ပါးပြင်မှာလဲမှဲ့လေးတစ်လုံးကိုတွေ့လိုက်ရသည်။
ကင်မ်ထယ်ယောင်းမျက်နှာမှာ မှဲ့တွေအမးေကြီးရှိတာကို ဂျောင်ဂုသိပေမဲ့ အနီးကပ်ကြည့်လိုက်တော့ ဂျောင်ဂုရင်ခုန်သံတွေမြန်လာရတာ ထပ်ပြီးအနီးကပ်နေရင် အရှေ့ကကင်မ်ထယ်ယောင်းကို တစ်ခုခုလုပ်မိမှာဆိုလို့ ကင်မ်ထယ်ယောင်း ပခုံးအားခပ်ဖွဖွပုတ်ကာ နှိုးလိုက်သည်။
"ထယ်ယောင်း...ကင်မ်ထယ်ယောင်း...ထတော့ စာသင်ရမယ်လေ..."
အိပ်ချင်မူးတူးရုပ်ဖြင့် မျက်လုံးပွတ်ကာ တရေးနိုးလာသော ကင်မ်ထယ်ယောင်း...။
"အိပ်ချင်သေးရင် မျက်နှာသွားသစ်လိုက်..."
ဂျောင်ဂုအပြောကို ထယ်ယောင်းကခေါင်းညိမ့်ပြကာ မျက်နှာသွားသစ်လေသည်။
ဂျောင်ဂုလဲ ထယ်ယောင်းပြန်လာရင် အတင်သင့်သက်လို့ရအောင် စာအုပ်တွေထုတ်ထားသည်။
ပထမဆုံး စာသင်ရန်စာအုပ်ထုတ်တော့ ကင်မ်ထယ်ယောင်းက ဂျောင်ဂုလက်ကိုဆွဲကာ...။
"ဘေးလမ်းမှာ ညပွဲစျေးရှိတယ် အဲ့ဒါအရင်သွားပြီးမှ စာလုပ်ရအောင်လေနော်..."
"မရပါဘူး စာသင်ဖို့လာတာငါက စာပဲသင်မင်းလဲ..."
"အာဘယ်လိုလုပ်မလဲ ဂျီမင်းနဲ့ယွန်းဂီကိုတောင် ပွဲစျေးသွားဖို့ကြိုခေါ်ထားပြီးပြီ သူတို့ခုဆိုလာနေလောက်ပြီ..."
"မင်းငါ့ကိုဘာလို့ခေါ်ထားတာလဲ..."
"စာသင်ဖို့လေ..."
YOU ARE READING
♡Falling in love ♡(Completed )
RomanceTaekook Kim Taehyung ×Jeon jungkook Start date-27.4.2024 End date-15.5.2024 Top-Jeon Jungkook Bottom -Kim Taehyung
