🍥16🍥

1.4K 110 52
                                    

Unicode

" ငါပြောတာမစောင့်ပဲ ဘာလို့ထွက်ပြေးရတာလဲ?..."

"ငါဒီကိုရောက်နေတာကိုရော ဘယ်လိုသိတာလဲ..."

"ပြောချင်ရာပြောပြီး ပြေးသွားတဲ့ကောင်လေးသွားတက်တဲ့ နေရာတွေလိုက်ရှာရင်းရောက်လာတာ..."

"အာ..."

"ငါ့အနောက်လိုက်ခဲ့ ..."

ဂျောင်ဂုတစ်ယောက် ထယ်ယောင်းလက်ကိုဆွဲသွားကာ သူအိမ်သို့ခေါ်သွားသည်။

ထယ်ယောင်းလက်ကိုဆွဲ ပြီးလာမှ အိမ်ပေါက်ဝတွင် မားသားမိခင်နဲ့တန်းတိုးသောကြောင့် ကိုင်ထားမိတဲ့ထယ်ယောင်းလက်ကိုပါ အယောင်ယောင်အမှားအမှားနဲ့ လွှတ်ချမိသွားသည်။

"နောက်ဆုံးတော့ ပြတော့မယ်ပေါ့..."

"မေမေကလဲဗျာ..."

ဂျောင်ဂုသည် သူ့အမေအပြောအား နားမထောင်တော့ပဲ ထယ်ယောင်းလက်ကိုဆွဲကာ သူ့အခန်းထဲသို့ ခေါ်သွားကာ နံရံနားမှာထောင်ထားတဲ့ လှေကားပုလေးယူကာ ခေါင်းမိုးထက်က တံခါးအားဖွင့်လိုက်သည်။

"ဘယ်...ဘယ်တွေခေါ်နေတာလဲ... "

"အပေါ်တက်ကြည့်... "

ဂျောင်ဂုအပြောအတိုင်း ထယ်ယောင်းလဲ အထပ်ခိုးကိုတက်လိုက်တော့ လူတစ်ရပ်စာအမြင့်ရှိကာ တစ်ခန်းလုံးနီးပါး Gucci နဲ့ပက်သတ်တဲ့ ဖိနပ်၊အကျီ၊ဘောင်းဘီး အစုံအစုံပင်...။

" Gucci ကြွားတာလား?"

"မဟုတ်ပါဘူး အထက်တန်းဒုတိယနှစ် မင်းကိုပထမဆုံးငါစာလာသင်ရတဲ့နေ့ကလေ ပွဲစျေးတောင်သွားသေးတယ်လေ အဲ့နေ့ကမင်းပြောတယ်လေ Gucci နဲ့တင်တောင်းရင်လက်ခံမယ်လို့..."

ဂျောင်ဂုပြောပြမှ အမှတ်မထင်သူပြောလိုက်မိတာကို သတိရသွားသည်။

"အဲ့ဒါကြောင့် ထယ်ယောင်းလေးကို တင်တောင်းဖို့ Gucci စုနေတာ လိုသေးလို့မဖွင့်ပြောတာ...ခုတော့ဖွင့်ပြောတော့မယ်...ထယ်ယောင်း ငါ ထယ်ယောင်းကိုချစ်တယ် ထယ်ယောင်းကငါ့ကို Gucci ကိုချစ်တဲ့အချစ်ထပ် ပိုချစ်ပေးပါ..."

မထင်မှတ်ပဲပြောလိုက်တဲ့ စကားလေးတစ်ခုကြောင့် Gucciတွေစုထားပြီး သူ့ကိုလဲချစ်တယ်ဟုပြောသော ေဂျာင်ဂုကြောင့် ထယ်ယောင်းမျက်ဝန်းထဲ မျက်ရည်တွေပြည့်လျှံလာရသည်။

♡Falling in love ♡(Completed )Where stories live. Discover now