🍥5🍥

1.3K 121 48
                                    

Unicode

ထယ်ယောင်းအိမ်ထဲပင် မဝင်ရသေး ထယ်ယောင်းနို့အိမ်ရှေ့တွင် စကားပြောနေသော ထယ်ယောင်းအမေနဲ့ ဂေျာင်ဂုအမေက ထယ်ယောငး်မျက်နှာကိုချက်ချင်းသတိထားမိသွားကာ...။

"ထယ်ယောင်းလေး မျက်နှာရောင်နေတယ် ဂျောင်ဂုထိုးထားတာလားကွယ်..."

"မဟုတ်ပါဘူးဗျာ...မေမေကလဲ ထယ်ယောင်းချော်ကျတာမျက်နှာနဲ့ကျတာ ဒါတောင်ကျွန်တော်အမြန်ထူပေးလိုက်လို့ မဟုတ်ရင်သူ့မျက်နှာစုတ်နေပြီ..."

"တော်ပါသေးရဲ့ နာနေမှာပဲထယ်ယောင်းလေး..."

"ဂျောင်ဆိုးရေပြောမနေနဲ့ ရှပ်ပလာလေ ငါ့သားက မေမေဆေးလိမ်းပေးမယ်ဝင်တော့နော်..."

ထယ်ယောင်းလဲ ဂျောင်ဂုအမေကို နှုတ်ဆက်ကာ အိမ်ထဲဝင်မယ်လုက်တော့...။

"ဂျောင်ဂု သားရေချိုးပီးရင် သားအနာဖြစ်တိုင်းလိမ်းပေးနေတဲ့ ဆေးလေသိတယ်မလား ထယ်ယောင်းလေးအတွက် သွားပို့ပေးလိုက်နော်..."

"ဟုတ်ကဲ့..."

"အဲ့ဆေးကလိမ်းပြီး ၂ရက်လောက်နေရင် သက်သာတယ်လေ...ဟာရင်း..."

"ကျေးဇူးပါပဲ ဂေျာင်ဆိုး သားလဲရေချိုးပြီးရင် ဂျောင်ဂုကိုစောင့်နေ ကြားလား..."

ထယ်ယောင်းလဲ မေမေ့ကိုခေါင်းညိမ့်ပြကာ အိမ်ထဲသွားပြီး မှန်မှာကြည့်လိုက်တော့ ထိုးထားမှန်းအတော်ကိုသိသာနေပေမဲ့ ဂျောင်ဂုပါလိမ်ပေးသော်ကြောင့် မေမေကယုံပေးလိုက်တာဖြစ်မည်။

ထယ်ယောင်းလဲ ရေချိုးပြီးတော့ ကုတင်ပေါ်ထိုင်ကာ ဂျောင်ဂုကိုထိုင်စောင့်နေသည်။

ထိုင်နေရင်းတွေးမိတာက ဂျောင်ဂုကသူ့ကိုဘာလို့လိမ်ပေးတာလဲ အမှန်ဆိုထယ်ယောင်းကို အရမ်းမုန်းနေတာပိုတောင်တိုင်ရမှာမဟုတ်ဘူးလား...။

မဟုတ်မှာ အချိုသတ်နေတာများလား...။

မဟုတ်လောက်ပါဘူးလေ...။

ထယ်ယောင်းကုတင်ပေါ်တွင် ခေါင်းခါလိုက်ခေါင်းညိမ့်လိုက်နှင့် တစ်ယောက်ထဲအလုပ်ရှုပ်နေသည်။

"ကင်မ်ထယ်ယောင်း ထိတာမျက်နှာလေ ခေါင်းညိမ့်လိုက်ခေါင်းခါလိုက်နဲ့ ရူးနေတာလား..."

♡Falling in love ♡(Completed )Where stories live. Discover now